Unicode version
အဂျီ ၃၂
ထိုနေ့ညက ကျွန်တော်အိမ်မက်မက်တယ်။
လူနှစ်ယောက်ဟာ ဝမ်းနည်းခြင်း ၊ ပျော်ရွှင်ခြင်း ၊ အော်ဟစ်ခြင်း စတဲ့စက်ဝိုင်းထဲမှာလည်နေခဲ့ကြပြီးတော့ တစ်ယောက်ကစည်းဝိုင်းအပြင်ကိုထွက်သွားတဲ့အခါ သူ့ကမ္ဘာဟာအမှောင်အတိဖုံးလွှမ်းပြီး ထိုစက်ဝိုင်းကိုပြန်ဝင်ဖို့အတွက်လမ်းစလေးတောင်မမြင်ခဲ့ရတော့ဘူး။ဒါပေမယ့်မှိတ်တုတ်မှိတ်တုတ်ကြယ်ကလေးက ပေါ်လာခဲ့တယ် ၊ ပြီးတော့ပြန်ပျောက်သွားတယ်၊ သူဟာအကြိမ်ကြိမ်စက်ဝိုင်းထဲပြန်ဝင်ဖို့ကြိုးစားခဲ့ပေမယ့် ဒီကြယ်လေးကအလင်းရောင်ကောင်းကောင်းမပေးခဲ့ဘူး။
သေချာတာတော့ လမင်းကြီးရဲ့အလင်းရောင်နဲ့ဆို မြင်နိုင်ကောင်းပါရဲ့။
""မင်းကိုချစ်တဲ့စိတ်နဲ့ပဲငါရှင်သန်သွားမှာ ""
ဆိုတဲ့ဒီစကားအသံတွေဟာ နားထဲမှာထပ်တလဲလဲကြားနေခဲ့တယ်။
မွန်းကြပ်တယ်။
နှလုံးသားတစ်ခုလုံးနာကျင်ကြေမွနေသလိုမျိုး အသက်ရှုလို့မရတော့ဘူး။နောက်ဆုံးအသိနဲ့ ခန္ဓာပြန်ကပ်တဲ့အချိန်မှာ
ကျွန်တော့်မျက်လုံးအစုံဟာပွင့်လာခဲ့ပြီး မျက်ရည်တွေစီးကျလာတယ်။
ဘာလို့ထူးဆန်းတဲ့အိမ်မက်တွေ မက်နေရတာလဲ။
ကျွန်တော်မမှတ်မိတော့တဲ့ အတိတ်မှာတစ်စုံတစ်ယောက်ရှိနေခဲ့တာလား။
သူကဘယ်သူလဲ။°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အိမ်ရှေ့မှာအသံကြားလို့ ထွက်ကြည့်လိုက်တော့ အဝါရောင်ကြောင်လေးတစ်ကောင်ကိုအစာကျွေးပြီး ပွတ်သပ်နေတာမြင်လိုက်ရတယ်။
ကြောင်လေးကိုကျအဲ့လိုညင်ညင်သာသာပွတ်သပ်ပြီးပြုံးရွှင်နေသလောက် ကျွန်တော်နဲ့တွေ့ရင်သိပ်မပျော်သလိုပဲ။အစ်ကိုလို့ခေါ်ခိုင်းလို့သာခေါ်နေရပေမယ့် ရွာလူကြီးပြောတာတော့ရွယ်တူပဲတဲ့။
သူ့သဘောအတိုင်းခေါ်ပေးရုံပါပဲ ဒါပေမယ့်အဲ့ဒီအသုံးအနှုန်းကြီးကိုမကြိုက်ပါဘူး
ထားပါမနက်ခင်းအလှကိုစာဖွဲ့ပြောရရင်
ဂျီမင်ကတစ်ကယ်လှတယ်။
ဖြူဖြူနုနုသေးသေးလေး ပြီးတော့နူးညံ့တယ်။
အလုပ်ခန်းထဲကအရုပ်လှလှလေးတွေလိုပဲ သူ့ရဲ့အစိတ်အပိုင်းလေးတွေကလဲအနုပညာဆန်တယ်။
ကျွန်တော်အခုယောက်ျားတစ်ယောက်ကို ဘယ်လောက်ထိလှကြောင်းပုံဖော်နေတယ်မလား ဒါကအခုမှမဟုတ်ဘူး ဒီအိမ်စရောက်တဲ့နေ့ထဲကပဲ။
ယောက်ျားတစ်ယောက်က ဒီလောက်ကြီးလှနေရင်
အန္တရာယ်များလွန်းတယ်ဆိုတာ အစ်ကိုနဲ့မှလက်ခံလိုက်ရတယ်။