Unicode version
အဂျီ ၃၅
နိုးထရမယ့်မနက်တိုင်းကို ကြောက်တယ်။
အိပ်မပျော်တဲ့ညတွေကို ကြောက်တယ်။
လိုအပ်နေတဲ့အဖြေကိုရှာမတွေ့မှာ ကြောက်တယ်။
ဒီလိုနဲ့တစ်သက်လုံးဝေးသွားရမှာကို ကျွန်တော်ကြောက်တယ်။
ဒီအကြောက်တရားတွေနဲ့နေထိုင်နေရတဲ့ဘဝကြီးကို
မုန်းပစ်လိုက်ချင်တယ်။°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဒီနေ့လဲကျွန်တော့်မနက်ခင်းဟာ ငြီးငွေ့စရာပါပဲ။
မျက်နှာမသစ်ရသေးခင် ကုတင်ပေါ်မှာငုပ်တုပ်ထိုင်ကာရေတစ်ခွက်အပြည့်သောက်ပစ်လိုက်တယ် ရင်တွေပူလွန်းလို့။
စားပွဲပေါ်မှာတင်ထားတဲ့ ဓာတ်ပုံလေးထဲမှာ ဘွားနဲ့ကျွန်တော်ရဲ့ပုံပါတဲ့။
ဘွားဆုံးသွားတာကျွန်တော်မသိဘူး။
ကျွန်တော်မေ့နေခဲ့တဲ့အချိန်အတွင်းမှာ ဘယ်သူတွေကိုဆုံးရှုံးလိုက်ရလဲလို့တွေးကိုမတွေးကြည့်ချင်ဘူး။" သား နိုးပြီလားအလုပ်သွားမှာဆို ဆင်းခဲ့တော့လေ "
" ဟုတ် "
ဒီအိမ်ကြီးထဲမှာ မေမေ၊ ကျွန်တော်၊ ဦးလေးနဲ့ ကြီးကြီးတို့ပဲရှိတယ်။
ဖေဖေဆုံးတာ၃နှစ်ပဲရှိသေးတယ်။မနက်စာတစ်ကိုယ်ရေအမှုကိုပြုရင်း သေချာဝတ်ဆင်ကာအောက်ထပ်သို့ဆင်းလာလိုက်သည်။
" ကြီးကြီးမနက်စာလေးပြင်ပေးပါလား "
" ရှင် "
ဘယ်တုန်းကမှမစားခဲ့ဘူးတာမို့ အံ့ဩကြီးသွားဟန်။
ကျွန်တော်လဲဘာမှမပြောတော့ပဲ စားပွဲမှာသာထိုင်လိုက်တော့ ကြီးကြီးကခပ်မြန်မြန်လေးမနက်စာပြင်ပေးသည်။" ထမင်းကြော်ပေးပါ "
မေမေတို့စားနေကျမနက်စာဆိုသည်မှာ ပေါင်မုန့်မီးကင်ဖြစ်နေလို့များ မစားနိုင်တာလားလို့တွေးမိလို့ထမင်းကြော်ခိုင်းလိုက်သည်။
မျက်စိရှေ့ရောက်နေတဲ့ ထမင်းကြော်ပန်းကန်ဟာပူပူနွေးနွေး။
ကျွန်တော်စားဖို့အားယူကာ တစ်လုပ်စားကြည့်လိုက်သည်နှင့် ခံတွင်းမပျက်ရုံတမယ်ဖြစ်ကာ ပြန်ထွေးထုတ်ပစ်မိသည်။
ကြီးကြီးလက်ရာမကောင်းလို့မဟုတ်ပဲ ကျွန်တော်ကမစားနိုင်တာ
မဟုတ်ဘူး စားမဝင်တာ။