Unicode version
အဂျီ ၃၇
ရေပြည့်ဖို့အတွက် ရေစက်လေးတွေလိုက်စုကြရတာပဲ။
ကျွန်တော်တို့လိုအပ်မှုတွေပြည့်ဖို့အတွက်လဲ မှတ်မိတဲ့အပိုင်းအစတစ်ခုချင်းစီကို စိတ်တွင်းမှာဂဟေဆက်ရတာပေါ့။
အချိန် ငါးလကြာနေပြီဖြစ်ပြီး ကျွန်တော်အလုပ်အသစ်တောင်ရထားပြီးပြီ။
အရည်အချင်းရှိတဲ့ပညာရှင်အတွက် အလုပ်ရှင်တွေကလက်ခံပေမယ့်
အတိတ်မေ့နေတဲ့ချစ်သူအနေနဲ့တော့ ဂျီမင်ကလက်ခံမပေးဘူး။ကျွန်တော်တို့အတူအိပ်ခဲ့ကြတဲ့ အိပ်ရာမှာပဲကျွန်တော်အိပ်တယ်။
အဲကွန်းကိုပိတ်ပြီး ပြတင်းပေါက်ဖွင့်တတ်လာတယ်။
ညစာမရှိရင် လမ်းလျှောက်ပြီးကုန်စုံဆိုင်မှာသွားဝယ်တော့လဲ ကုန်းပိုးပြီးလိုက်မယ့်လူမရှိတော့ ဟာတာတာရယ်ပါ။ရေချိုးခန်းထဲကအဖြစ်အပျက်တစ်ချို့သတိရမိသွားတော့
ရှက်လိုက်ရတာဗျာ အဲ့အချိန်တုန်းကတံခါးအပြင်ဘက်မှာဆရာကြီးလာလုပ်တဲ့ ဂျီမင့်ကြောင့် ကျွန်တော့်မှာဇောချွေးတွေပြန်ခဲ့သေးတာ။အလတ်လေးကလဲ ဂရုတစိုက်နဲ့သေချာကုသပေးရှာတယ်။
သူ့ကျေးဇူးမမေ့ဖို့ကလဲ နေ့တိုင်းမှာနေတဲ့စကား။
ဂျီမင့်ရဲ့နေ့စဉ်လှုပ်ရှားမှုအဝဝကိုတော့ ကိုယ်တော်ချောကိုအချိုသတ်ပြီးဖုန်းဆက်ခိုင်းကာ သတင်းယူရသည်။ကိုယ့်ချစ်ရသူလေးထမင်းစားပြီးပြီလားဆိုတာမျိုးတောင် ကိုယ်တိုင်မမေးရဲသည့်အဖြစ်မို့ အလတ်ကောင်ကနှိပ်ကွပ်တတ်သေးသည်။
" ရော့ မင်းဆေးခန်းမပိတ်သေးဘူးလား "
ကြက်ကြော်မှမစားရရင်သေတော့မလိုဖုန်းလှမ်းဆက်လို့ ကြည့်မရသော်လဲမျက်နှာချိုသွေးဖို့ဝယ်လာပေးရသည်။
" ပိတ်တော့မှာ အစ်ကို့ကိုစောင့်နေတာ ကြက်ကြော်တော့အိမ်ရောက်မှဆွဲတော့မယ် ဘယ်လိုလဲအစ်ကို ဒီည "
ပုခုံးကိုတိုက်ကာ ပါးစပ်မှတောက်ခနဲအသံထွက်အောင်လုပ်ပြရင်း အရက်သောက်ဖို့အဖော်ညှိတော့သည်။
ငြင်းရလွန်းလို့လဲအားနာနေရပြီ သူကဇွဲကောင်းတုန်း