Episode - [ 5 ]

12.6K 893 34
                                    

LOVE ME , DARLING

ZAWGYI

ဝမ်ရိပေါ် စိတ်ပါပါနဲ့ နမ်းပစ်လိုက်တော့ အန်ကယ်လ်လေးက လက်နှစ်ဖက်နဲ့ ရင်ဘတ်ကို အသာတွန်းလာလေသည်။အောက်ဆီဂျင်ရှူသွင်းရန်လို့ ထင်တာကြောင့် နှုတ်ခမ်းပါးလေးကို လွှတ်ပြီး နားဖျားလေးတစ်လျှောက် လျှာနဲ့လျှက်လိုက်သည်။

"အင့်…ရိပေါ်!"

ရိပေါ် ကိုင်ထားတဲ့ ကိုယ်လေးလေးက ဆက်ခနဲ တုန်တက်သွားပြီး အသံသေးသေးလေး ထွက်လာသည်။

"တော်ပြီ…ရိပေါ်!"

အန်ကယ်လ်လေးက သူ့ ကိုယ်ပေါ်က ဆင်းသွားရန် ပြုသော်လည်း သူ ပြန်ချုပ်ထားတာကြောင့် အနည်းငယ်ရုန်းရင်းဆန်ခတ်ဖြစ်နေသည်။

"အခုနကတည်းက တာဝန်ယူလို့ပြောထားတယ်လေ!"

"ဟင့်အင်း ရိပေါ်!"

"ယောက်ျားဆိုတာ ကတိတည်ရတယ်"

"မသင့်တော်ဘူး။ငါ လက်မခံနိုင်ဘူး!"

"ကျွန်တော်ဖြစ်နေလို့လား!"

"အင်း"

ဝမ်ရိပေါ်က ရှောင်းကျန့်ကို မေးဖျားမှ ဆွဲယူပြီး မျက်နှာချင်းဆိုင်လိုက်သည်။အခုထိ အန်ကယ်လ်လေးက ရိပေါ် ပေါင်ပေါ်မှာပဲ။

"မသင့်တော်တောတွေ သင့်တော်တာတွေ ခနလောက် မေ့ထားပြီး နိဗ္ဗာန်ကို ခနလောက် မသွားချင်ဘူးလား!"

ရိပေါ်ရဲ့ စကားကြောင့် ရှောင်းကျန့်က မျက်လုံးလေးပြူးပြီး
စိုက်ကြည့်နေလေသည်။သူနဲ့ အဲ့လို သွားရအောင် ငါက အပေါစားမှ မဟုတ်တာ!

"မင်း…ဖယ်!! ငါ့ကို အခု လွှတ်စမ်း! ငါက ဘာလို့ မင်းနဲ့ အဲ့လို လုပ်ရမှာလဲ!"

"ကျွန်တော်ပြောတာ ငြိမ်ငြိမ်လေး လက်မခံရင် ကျွန်တော် အကြမ်းပတမ်း လုပ်မှာနော်!"

"အခု မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား ဝမ်ရိပေါ်!!"

"ထင်သလို ထင်ပါ"

"မင်း…!"

ဝမ်ရိပေါ် မျက်နှာရှေ့ ထိုးလာတဲ့ လက်ညိုးလေးကို ဆွဲယူပြီး
ပါးစပ်ထဲ ငုံလိုက်သည်။အန်ကယ်လ်လေးက ခနတော့ ကြောင်သွားပေမဲ့ ပြီးမှ လက်ညိုးကို ထပ်ရုန်းလာတာကြောင့် သွားလေးနဲ့ ဖွဖွလေး ကိုက်လိုက်တယ်။

LOVE ME , DARLING [ Completed ]Where stories live. Discover now