LOVE ME , DARLING
ZAWGYI
ဒီညမှာတော့ လူစုံတတ်စုံဖြစ်တာကြောင့် ဝိုင်းလေးကို အိမ်ရှေ့က မြက်ခင်းပြင်လေးမှာ ကျင်းပဖို့ ရှောင်းကျန့် အလုပ်သမားများအား ပြင်ဆင်စေသည်။
မနေ့ကတုန်းကတော့ အကြည့်ချင်းစစ်တိုက်နေတဲ့ သူနှစ်ယောက်ကတော့ ခြံထဲမှာပြေးလွှားကာ ဆော့နေကြသည်။ဒီလိုကျတော့လည်း ဝမ်ရိပေါ်က ကလေးလေးလိုပဲ။
ကျိုးချန်ကတော့ တပြုံးပြုံးနဲ့ ရှောင်းကျန့်ဘေးမှာပဲ လိုတာတွေ
လိုက်လုပ်ပေးနေသည်။အခုထိလည်း ကျဲလင်းချန်တို့ ပြန်မလာကြသေးပါလား။လက်ကနာရီကို ကြည့်မိတော့ ည ခုနှစ်နာရီပင် ရှိနေပြီ။
"ကျိုးချန်"
"ဟုတ် ဘောစ့်"
"မင်းကလည်း ငါက အခု ဘောစ့်မဟုတ်တော့ဘူး"
"ဒါဆို ကျွန်တော် ဘယ်လိုခေါ်ရမှာလဲ"
အူကြောင်ကြောင်ရုပ်နဲ့ ကျိုးချန်ကို နဖူးတစ်ချက်တောက်လိုက်ပြီး ရယ်လိုက်သည်။
"ကျန့်ကောလို့ခေါ်"
"ကျန့်ကော!"
"အေး…ကျဲတို့ကို ဖုန်းဆက်ကြည့်ပါလား
နောက်ကျနေပြီ""ဟုတ် ကျွန်တော် အခုပဲ ဆက်လိုက်ပါ့မယ်"
ရှေ့တင်ပဲ ကျိုးချန်က ဖုန်းထုတ်ကာ ကျဲလင်းချန် ဖုန်းကို ဆက်လိုက်သည်။
"ဟယ်လို"
"……"
"ဗျာ…
သူ…သူက ကျွန်တော့်အမပါ"မူမမှန်တဲ့ ကျိုးချန်စကားကြောင့် ရှောင်းကျန့် အာရုံစိုက်လိုက်သည်။ဝမ်ရိပေါ်လည်း အားယွမ်လေးကို ချီကာ အနီးသို့
ပြေးလာသည်။ကျိုးချန်က ဖုန်းပြောပြီး ရှောင်းကျန့်တို့အာ မျက်ရည်တွေ ဝိုင်းနေသော မျက်လုံးဖြင့် ကြည့်သည်။
"ကျဲတို့ ကားအက်စီးဒန့်ဖြစ်ပြီး on the spot ပဲတဲ့…
ကျွန်တော် အတည်ပြုဖို့ ဆေးရုံကို သွားရမယ်။ကံကောင်းလို့
ကျွန်တော်တို့သိရတာ…ဖုန်းက ဆေးရုံရောက်တဲ့ထိ အိတ်ထဲမှာ ရှိနေသေးလို့…"