LOVE ME , DARLING
ZAWGYI
အိပ်ယာပေါ်မှာ နှစ်ယောက်သား မနမ်းရတဲ့နေ့တွေအတွက် အတိုးချကာ အပြန်အလှန်ဖက်တွယ်ရင်း နမ်းရှိုက်နေကြသည်။
ခါးပေါ်တွယ်ချိတ်လာတဲ့ ခြေထောက်တွေနဲ့ လည်ပင်းပေါ်သိုင်းဖက်လာတဲ့လက်တွေ။ကိုယ့်ကိုအနည်းငယ်ကြွပြီး အောက်က အသက်ရှူမြန်နေတဲ့ ကိုယ်လေးကို သေချာကြည့်ဖြစ်သည်။
ဟိုတယ်က ညအိပ်အင်္ကျီကြိုးစကို ဖြေချလိုက်ရင်း ပေါ်ထွက်လာတဲ့ နိမ့်ချည်မြင့်ချည်ရင်ဘတ်လေးကို ထပ်မံကြည့်လိုက်သည်။မိန်းမတွေလို အမို့အမောက်မရှိတဲ့ ယောက်ျားတစ်ယောက်ရဲ့ ရင်ဘတ်က ဝမ်ရိပေါ်အတွက် ဘာကြောင့်ရင်ခုန်နေရတာလဲ။
"မောင်!!"
တိုးတိုးလေးမျှ ခေါ်လိုက်တာကို ဝမ်ရိပေါ်သေချာပေါက်ကြားလိုက်သည်။ခပ်ဟဟနှုတ်ခမ်းသားလေးနဲ့အရည်တွေတလက်လက်ထနေသည့် မျက်လုံးဝိုင်းကြီးကြီး။
ကိုယ့်ထက်အသက်ကြီးပေမဲ့ ချောမောမှုတွေ လုံးဝမလျော့သွားတဲ့ ဘဲကြီး။ဒီလိုမျိုး လူဘယ်နှစ်ယောက်လောက်ကို မြူစွယ်ပြီးပြီလဲ ဘဲကြီး။
စကားတစ်လုံးမှ မပြောပါဘဲလျက် တစ်ယောက်ကိုယ်တစ်ယောက်စိုက်ကြည့်ရင်း တစ်ယောက်စီ ရင်ထဲက စကားတွေကိုတော့ အပြန်အလှန်မသိရ။
ကိုယ့်ဘက်က လျိုဝှက်ထားခဲ့ရတဲ့ နာမ်စားလေးကို ခေါ်လိုက်မိသော်လည်း အံ့သြဟန်မပြသည့် မောင်ကြောင့် ရှောင်းကျန့် နည်းနည်းတော့ဝမ်းနည်းမိသည်။
ဆိုးမြဲဆိုးနေတဲ့ မောင်က ငါ့ကိုမချစ်တော့လို့များလား။ဒါမှမဟုတ် ဒီလိုနာမ်စားမျိုးကို တစ်ယောက်ယောက်စီက ကြားဖူးပြီးသားလား။
ငုံ့ကာ နီးကပ်လာတဲ့ နှုတ်ခမ်းလေးကြောင့် မျက်လွှာကို ထပ်ပိတ်လိုက်သည်။အလိုက်မသိတဲ့ မျက်ရည်ဥလေးက မျက်လုံးဘေးထောင့်ကို စီးကျသွားသည်။
စီးကျသွားတဲ့ အရည်ကြည်လေးကို နူးညံ့နွေးထွေးတဲ့ လျှာလေးနဲ့ အလျှက်ခံလိုက်ရသည်။မျက်လုံးကို အမြန်ပြန်ဖွင့်ပြီး
အောက်နှုတ်ခမ်းကို ဖိကိုက်မိထားသည်။