Episode - [ 4 ]

11.9K 837 32
                                    

LOVE ME, DARLING

ZAWGYI

ရိပေါ် ထိုနေ့ညက ရှောင်းကျန့်ကို အသဲအသန်တောင်းပန်ခဲ့ပေမဲ့လည်း ရှောင်းကျန့်ဆီမှ ခွင့်လွှတ်မှု့ကို မရရှိခဲ့ပေ။

နောက်နေ့ရောက်တော့ အန်ကယ်လ်လေးက သူ့ ချစ်သူနဲ့ ခရီးထွက်သွားတယ်ဆိုတဲ့ ကျိုးချန်ဆီမှ သတင်းကြောင့် ဝမ်ရိပေါ် ခေါင်းစိုက်ကျသွားသည်။

ကျိုးချန်က ရိပေါ်ကို ပုခုံးကိုပုတ်ကာ နှစ်သိမ့်သလို လုပ်ပေးသည်။ဘာလဲ သူ့ အကြောင်းကို ကျိုးချန်က သိနေတာလား။

"သိနေလား!"

"ဘာကိုလဲ ရိပေါ်"

"ကျွန်တော် အန်ကယ်လ်လေးကို သဘောကျနေတဲ့အကြောင်း"

"အင်း သိတယ်"

"မဖြစ်သင့်ဘူး မလား"

"အင်း"

"ဒါပေမဲ့ဗျာ ဒီရင်ထဲက သူ့ ဘာသာသူ ဖြစ်နေတာလေ!! ကျွန်တော် ဘယ်လိုလုပ်ရမလဲ!!"

ဝမ်ရိပေါ်က ဘေးနားကနံရံကို ခေါင်းနဲ့တိုက်ကာ အော်ပြောသည်။

"အမှန်တရား တစ်ခု ပြောပြရမလား!"

ကျိုးချန်စကားကြောင့် ရိပေါ် အာရုံစိုက်စွာ နားထောင်လိုက်သည်။

"ကျွန်တော့်အတွက်လား"

"ဟုတ်တယ်!"

"ပြောလေ"

"boss နဲ့ ရိပေါ်က ဘာမှတော်စပ်မှု မရှိပါဘူး!"

"ဘာ!! ခဗျား ဘာပြောလိုက်တယ်!!"

"ဟုတ်ပါတယ် boss နဲ့ ရိပေါ်က သွေးသားတော်စပ်မှု မရှိပါဘူး။boss က ရှောင်းအိမ်တော်ရဲ့မွေးစားသားဖြစ်ပြီး ရိပေါ်က ရှောင်းအိမ်တော် သမီးကြီးရဲ့ သားဖြစ်နေတာကြောင့်ပါ!"

"တကယ်…တကယ်ပြောနေတာလား"

"ကျွန်တော် ပြောနေတာတွေက တကယ်ပါ။ရိပေါ်ကို ကြည့်ရတာ စိတ်မကောင်းလို့ပါ။တကယ်ချစ်မိသွားတဲ့သူက ဦးလေးဖြစ်နေလို့ ပူဆွေးနေတဲ့သောကကို တကယ်ကြည့်မရက်လို့ ပြောပြမိတာပါ"

"ဒါဆို ကျွန်တော် အန်ကယ်လ်လေးကို ချစ်လို့ ရပြီပေါ့နော်"

"တစ်ဖက်သတ်တော့ ရပါတယ်!"

LOVE ME , DARLING [ Completed ]Where stories live. Discover now