Episode - [ 29 ]

5.9K 457 37
                                    

LOVE ME , DARLING

ZAWGYI

"ကျန့်ကျန့်က အရင်လိုချောနေတုန်းပဲ…"

အိမ်ထဲဝင်ဝင်ချင်း မိန်းကလေးတစ်ယောက်အသံကြောင့်
ဝမ်ရိပေါ် ခပ်မြန်မြန် လှမ်းလာသောခြေလှမ်းတွေကို ဖြည်းဖြည်းချင်း ဝင်လာလိုက်သည်။

ဧည့်ခန်းထဲမှာ ပြုံးဖြီးနေသည့် ဘဲကြီးနဲ့ မိန်းမလှလှလေးတစ်ယောက်ကို တွေ့ လိုက်တာကြောင့် ခပ်တည်တည်နဲ့ပဲ ဘဲကြီးဘေးဝင်ထိုင်ကာ လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။

အဟမ်း…ဒီဘဲကြီးက ငါ့ယောကျာ်းဆိုတဲ့ မျက်နှာပေးနဲ့…!!

"အော်…မိတ်ဆက်ပေးရဦးမယ် ကျဲ…
ဒါ ဝမ်ရိပေါ်လေ။လုံးလုံးလေးက ချောချောလေးဖြစ်လာပြီ ကျဲရဲ့!"

"ဒါ…ကျန့်ကျန့်ငယ်ငယ်ကတည်းက စောင့်ရှောက်လာခဲ့တဲ့ ကလေးလေးလား"

"ဟုတ်တယ်လေ။ကျွန်တော့် အစ်မရဲ့သားလေး"

"တွေ့ ရတာ ဝမ်းသာပါတယ် ကောင်လေး။
ကျဲကိုတော့ မင်း သိမှာမဟုတ်ဘူး…ကျဲက ကျိုးချန်အစ်မပါ"

"ဟုတ်ကဲ့…ကျွန်တော်လည်း တွေ့ ရတာ ဝမ်းသာပါတယ်။
ကျွန်တော်က ရှောင်းကျန့်ရဲ့ ယောကျာ်းပါ"

ခဏတာ တိတ်ဆိတ်သွားတဲ့ စကားဝိုင်းထဲ ဝမ်ရိပေါ်က မျက်နှာကိုပင့်ကာ ခပ်မိုက်မိုက်အပြုံးကိုသာ ပြုံးထားလိုက်သည်။

ဗိုက်နားကို လာလိမ်တဲ့ လက်ကလေးကြောင့် ခပ်မိုက်မိုက်အပြုံးကနေ ခပ်မဲ့မဲ့လေး ဖြစ်သွားသည်။

"အမလေး…ကျဲ သိပါတယ် ရိပေါ်လေးရဲ့။
ကျန့်ကျန့်က တကယ်ချစ်ဖို့ကောင်းတဲ့ ကောင်လေးကို ရထားတာပဲ"

လည်ပင်းကို အရေပြားစုတ်မတက်ပွတ်နေတဲ့ ဘဲကြီးက လက်တစ်ဖက်ဖြင့်လည်း ကျွန်တော့်ဗိုက်ခေါက်ကို အသေလိမ်ထားသည်။

"အာ့…အာ့"

ဝမ်ရိပေါ်အသံထွက်လာတော့ ကျိုးချန်အမ လင်းချန်က ရှောင်းကျန့် ဗိုက်ခေါက်လိမ်နေတာကို မြင်သွားသည်။

"ကျန့်ကျန့် ကလေးကို ဘာလို့ ဒီလောက်လုပ်နေတာလဲ။
ဖယ်လိုက်…အဲ့လက်ကို။ကိုယ့်အမရှေ့မှာ အဲ့လောက်ရှက်နေရတာလား။အသက်ဖြင့် ငယ်တော့တာ မဟုတ်ဘဲ"

LOVE ME , DARLING [ Completed ]Where stories live. Discover now