Episode - [ 18 ]

7.6K 537 61
                                    

LOVE ME , DARLING

ZAWGYI

ဝမ်ရိပေါ် မျက်စိကို ထင်ဟပ်တဲ့ အလင်းရောင်ကြောင့် အိပ်ယာမှ နိုးလာသည်။ထို့နောက် သူသည် တစ်စုံတစ်ယောက်ကို ရင်ခွင်ထဲထည့်ကာ နောက်ကနေ သိုင်းဖက်ထားသည်။

နှုတ်ခမ်းလေးကို ကွေးတက်အောင်ပြုံးလို့ နောက်ကျောပေးထားသည့် ထိုလူ့ ကို တိုး၍ဖက်လိုက်သည်။ခြေထောက်ပါထပ်၍ ခွတင်လိုက်သည်။

" ချစ်တယ် ဘဲကြီး!"

ခပ်တိုးတိုးပြော၍ ဘဲကြီးရဲ့ နားရွက်လေးကို လျှာနဲ့လျက်လိုက်သည်။

"အင့်!!"

တုန့်ပြန်သံကြားတာကြောင့် ဘဲကြီးနိုးနေမှန်း သိလိုက်သည်။

"နိုးနေတာ ကြာပြီလား!"

ကိုယ်လုံးကို ခွာ၍ မျက်နှာချင်းဆိုင် လှည့်စေလိုက်သည်။
ထို့နောက် ခပ်မို့မို့လေးဖြစ်နေသည့် ဘဲကြီးရဲ့ မျက်ခွံလေးကို
နှုတ်ခမ်းနဲ့ ဖိကပ်လိုက်သည်။

"ကိုယ် မထနိုင်ဘူး!!"

"ဟမ်!"

ခနတာ အံ့သြသွားတဲ့ ဝမ်ရိပေါ်က ရှောင်းကျန့် ဘာကိုရည်ရွယ်ပြီးပြောလိုက်မှန်းမသိ။ထို့နောက်မှ သိသွားကာ မျက်နှာက ပြုံးစိစိဖြစ်လာသည်။

"ဟီးဟီး ကျွန်တော် ဆေးတိုက်မယ်။ခနနော်!!"

ဝမ်ရိပေါ်က ထဖို့လုပ်တော့ ရှောင်းကျန့်က ပြန်ဆွဲထားသည်။

"ဒီမှာနေဦး။ဒီနေ့ အလုပ်လည်း မသွားတော့ဘူး!
မောင်လည်း ဘယ်မှမသွားနဲ့!"

"ဆေးလေးတော့ သောက်ထားလေနော်!"

"ပြီးမှ သောက်မယ်!"

"အင်းအင်း ကျွန်တော်အနားလာ"

ထပ်မံ၍ ချစ်ရသည့် ကျွန်တော့်ဒါလင်လေးကို တိုး၍ဖက်ကာ
မျက်စိမှိတ်လိုက်သည်။

အင်း...ညကပေါ့!!!

ဘဲကြီးရော သူရော နှစ်ယောက်စလုံး အရမ်းကို တက်ကြွနေခဲ့သည်။အတောမသတ်နိုင်သည့် ဆန္ဒတွေကလည်း တစ်ချီပြီတစ်ချီ ပြီးနေသော်လည်း မပျက်ပြယ်သွားခဲ့။

ပုံစံမျိုးစုံနဲ့ ဆက်ဆံရင်း တစ်ညလုံးနီးပါး ကြာခဲ့သည်။
ထိုအချိန်တွေမှာ ချစ်တယ်ဆိုတဲ့စကားကို စိတ်ဆန္ဒအမြင့်ဆုံးမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ပြောဖြစ်ခဲ့သေးသည်။

LOVE ME , DARLING [ Completed ]Where stories live. Discover now