LOVE ME , DARLING
ZAWGYI
ရှောင်းကျန့် ရှည်လျားလွန်းတဲ့ အဖြစ်အပျက်ကို အိမ်မက်တစ်ခုလို မက်ပြီး နိုးထလာသည်။ဒါပေမဲ့လည်း တဆစ်ဆစ်နာနေတဲ့ ခါးကြောင့် အိမ်မက်မဟုတ်မှန်း လက်ခံလိုက်ရသည်။
ဘေးနားမှာ ဝက်လိုသိုးနေအောင် အိပ်နေသည့် ဝမ်မသာကောင်လေးကို တစ်ချက်ထိုးလိုက်သည်။မျက်စောင်းနဲ့လေ။
"အာ…နိုးနေပြီလား ဒါလင်!!"
ကြိတ်မှိတ်သည်းခံပြီး မတ်တပ်ရပ်ရန် ကြိုးစားနေစဉ် အနောက်က ထွက်လာတဲ့ အသံဆိုးကြီးကြောင့် ပြန်ပစ်ကျသွားသည်။
အောက်က ကျမသွားဘဲ လက်တစ်စုံက လာပွေ့ တာကြောင့်
ရုန်းလိုက်သည်။"ဖယ်…! ငါ့အသားကို မထိနဲ့ ဝမ်ရိပေါ်"
"ထိမှာပဲ။ကျွန်တော်က ဒါလင့်ရဲ့ယောကျာ်း!"
"မသာကောင် မင်း!! ငါ့အခန်းထဲက ထွက်သွား"
"မသွားဘူး မသွားဘူး လုံးဝမသွားနိုင်ဘူး!"
ကလေးလေးလို ခြေထောက်နှစ်ဖက်ကို ဆောင့်ကာ အော်ပြောနေသည့် ကောင်လေးကြောင့် ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။
တစ်ခါမှ မတွေ့ ဖူးတဲ့ပုံစံလေး။
ထို့နောက် ခြေဆောင့်နေသည့်ကောင်လေးကပင် ပြန်ထလာပြီး ကိုယ့်ကို ပွေ့ ချီသွားသည်။
"အား…ဝမ်ရိပေါ်။ငါ့ကို ချပေး!"
ဖြန်း ဖြန်း!!
ရှောင်းကျန့်တစ်ယောက် တွန့်လိမ်ခေါက်ကွေးနဲ့ အော်လည်းအော် ဝမ်ရိပေါ်ရဲ့ ရင်ဘတ်ကိုလည်း ထုရိုက်လိုက်သည်။
"ငြိမ်ငြိမ်နေ ဒါလင်ရာ!"
"မနေဘူး။ငါက ဘာလို့နေရမှာလဲ!! ချပေး ခွေးကောင်"
"ရေချိုးခန်းထဲရောက်ရင် ချပေးပါ့မယ်။စိတ်မလောပါနဲ့!"
"မင်းခေါင်းထဲက မှောင်မှောင်မဲမဲအတွေးတွေကို အခုချက်ချင်း ထုတ်ပစ်စမ်း!"
"အော…ဘယ်သူက ချပေးပါလို့ပြောနေတာလဲ!"
"ငါပြောတာ အောက်ကိုချခိုင်းတာ"