Episode - [ 19 ]

7.1K 594 44
                                    

LOVE ME , DARLING

ZAWGYI

" ဘာတွေတွေးနေတာမို့လို့ မျက်မှောင်ကြီး ကျုံ့ နေတာလဲ!"

ရေချိုးပြီးခါစ ရှောင်းကျန့်က ဗီဒိုထဲက ညအိတ်ဝတ်စုံတစ်စုံထုတ်ရင်း ဝမ်ရိပေါ်ကို ကြည့်ကာ မေးလိုက်သည်။ဝမ်ရိပေါ်ကတော့ ကုတင်ပေါ်မှာ မလှုပ်မယှက်ထိုင်နေရင်း မျက်လုံးသေနဲ့အတွေးထဲကို နစ်မြောနေလေသည်။

ရှောင်းကျန့် အဝတ်ဝတ်ပြီးတဲ့အထိ ဘာမှပြန်မဖြေတဲ့ ဝမ်ရိပေါ်အနားကို ခပ်မြန်မြန်သွားလိုက်သည်။

နဖူးပေါ်ရောက်သွားတဲ့လက်ကို ခါထုတ်လို့ ခေါင်းကိုမော့ကာ
ဝမ်ရိပေါ်က စူးစူးရဲရဲ ပြန်ကြည့်လာသည်။

" အဲ့မျက်လုံးတွေက ဘာဖြစ်နေတာလဲ ရိပေါ်!!"

" ခင်ဗျား ကျွန်တော့်ကို ချစ်လား"

" ဘာတွေဖြစ်နေပြန်ပြီလဲ!"

ရှောင်းကျန့်က ဝမ်ရိပေါ်ဘေးနားဝင်ထိုင်ရင်း ဆေးလိပ်တစ်လိပ်ကို ထုတ်ကာ မီးညှိလိုက်သည်။

ဆက်ကနဲကွာသွားတဲ့ နှုတ်ခမ်းနဲ့ဆေးလိပ်ကြောင့် အရှေ့က ကောင်လေးကို ပြန်ကြည့်လိုက်သည်။

"ဆေးလိပ်တွေ မသောက်နဲ့။နှုတ်ခမ်းတွေ ညိုကုန်လိမ့်မယ်။
သောက်ချင်ရင် ဝိုင်သောက်!"

"ကိုယ် ဆေးလိပ်သောက်တာ တစ်လလောက်ရှိပြီ!"

" မသောက်နဲ့။ကျွန်တော် မကြိုက်ဘူး!"

"အင်းအင်း။ဒါဆို ကိုယ် ဝိုင်သွားယူလိုက်ဦးမယ်"

ခနအကြာမှာတော့ ရှောင်းကျန့်က တစ်ဖက်တစ်ခွက်ကိုင်ကာ အခန်းထဲသို့ ပြန်ဝင်လာသည်။

"ရော့...ဘာတွေ ညစ်နေမှန်းမသိပေမဲ့ အခြေအနေနည်းနည်းကောင်းသွားအောင် ဒါလေး သောက်လိုက်!!"

"အင်း"

ရှောင်းကျန့်က ဆိုဖာပေါ်မှာပဲ ထိုင်ပြီး ခြေထောက်ကို ချိတ်လိုက်တာကြောင့် ဖြူဖွေးနေတဲ့ ပေါင်သားလေးကို ဝမ်ရိပေါ် တွေ့ လိုက်သည်။

" မောင် ဘာဖြစ်နေတာလဲ!"

" ဘာမှမဖြစ်ပါဘူး"

"ညနေ ကိုယ်ပြန်လာကတည်းက မျက်နှာက အဲ့လိုဖြစ်နေတာ။မောင် တစ်ခုခုဖြစ်နေတာ အသိသာကြီးပါ!"

LOVE ME , DARLING [ Completed ]Where stories live. Discover now