Episode - [ 25 ]

6.8K 500 20
                                    

LOVE ME , DARLING

ZAWGYI

ဝမ်ရိပေါ်က လာခဲ့ပါ ဆိုတော့လည်း ရှောင်းကျန့်လေးခဗျာ
မလိုက်ချင်လိုက်ချင်နဲ့ လိုက်ခဲ့ရတော့တာပါပဲ။သူက အိမ်မှာပဲနေပြီး ယောကျာ်းကိုပဲ ချွဲနေချင်တာကို။အဲ့ဒီဝမ်ဆိုတဲ့အကောင်က အတင်းကို ခေါ်နေတာ။မလိုက်ရင် တစ်ပတ်မထနို်င်အောင် လုပ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်ချက်ကြောင့်။

လူက အသက်ကြီးပြီဆိုတော့ လူငယ်တွေလိုတော့ ခံနိုင်ရည်
ဘယ်ရှိတော့မှာလဲ။ဒါကို နားမလည်တဲ့ ခွေးသေးသေးလေးက အချိန်အခါမရွေး လုပ်မယ်ဆိုတာချည်းပဲ။

ဘေးနားမှာ ခေါင်းစောင်းမတက် လှည့်ကြည့်နေသည့် လင်တော်မောင်ကို ရှောင်းကျန့် နှုတ်ခမ်းရွဲ့ ပြလိုက်သည်။အဲ့ကောင်ကြောင့် သူ့ မှာ လူကြီးလူကောင်းလို ပြန်နေရဦးမယ်။ဟန်ဆောင်ရတာ ပင်ပန်းတယ်ဆိုတာ နားမလည်ဘူး။

"အချစ်လေး!!"

ကလေးလေးလို နှုတ်ခမ်းကို ရှေ့ထွက်မတက် စူထော်ထွက်နေသည့် တရားဝင်ယောကျာ်းလေးရဲ့မေးစေ့ကို ကိုင်ပြီး ဝမ်ရိပေါ် ခေါ်လိုက်သည်။

တစ်ဖက်လှည့်မလိုလုပ်နေသည့် ကိုယ်လုံးလေးကို ချိုင့်ကနေမပြီး ပေါင်ပေါ်မတင်လိုက်သည်။

"ဝမ်ရိပေါ်!! ငါ ကလေးမဟုတ်ဘူးနော်!"

"သိတယ်လေ။"

"အဲ့ဒါဆို ဘာလို့လုပ်တာလဲ!!"

"ဘာလုပ်မိလို့လဲဗျာ!"

"ငါ့ကို ကလေးလို ဆက်ဆံနေတာတွေလေ!
နောက်တစ်ခါ ဒီလိုကြီး ပင့်မချီနဲ့။ငါ စိတ်တိုတယ်"

"ဒါလင်က မကြိုက်လို့လား!"

နားအဖျားလေးကို အလျက်ခံလိုက်ရတာကြောင့် ရှောင်းကျန့်တုန့်တက်သွားရသည်။တစ်စက်တည်းမှာပဲ ရှေ့ခန်းမှာ ကားမောင်းနေသည့် ကျိုးချန်ကိုလည်း လှမ်းကြည့်ရသေးသည်။

"ဘယ်လိုဖြစ်နေတာလဲ!!!
သူများတွေရှေ့မှာ ငါ့ကို အရှက်ခွဲနေတာလား!"

ရှောင်းကျန့်က သူ့ ယုန်သွားတွေကို ဝမ်ရိပေါ်အား စိပြရင်း
မျက်လုံးလည်း ပြူးပြသည်။

LOVE ME , DARLING [ Completed ]Where stories live. Discover now