Episode - [ 15 ]

8.5K 645 47
                                    

LOVE ME , DARLING

ZAWGYI

"ဒါလင်...ကျွန်တော်တို့ လက်ထပ်ကြမလား!"

ဝမ်ရိပေါ် ထိုစကားကို ဘဲကြီးအား စေ့စေ့ကြည့်လျက်ပင် မေးခဲ့သည်။ရှောင်းကျန့်ရဲ့ မျက်နှာမှာ တစ်ခဏတာမျှ အံ့သြမှုလိုင်းကလေးတွေ ဖြတ်ပြေးသွားသလို စိတ်မကောင်းဖြစ်သွားတဲ့ အမူအရာကလည်း ထပ်မံဖြစ်ပေါ်လာသည်။

ဒီတိုင်း ငူငူကြီး သူ့ ကိုပြန်ကြည့်နေသည့် ရှောင်းကျန့်အား
ပါးလေးကို ကိုင်လိုက်သည်။

"ဘာလဲ!! ဒါလင်က ကျွန်တော့်ကို လက်မထပ်ချင်လို့လား!"

"ငါ...ငါ!!"

တကယ်ပဲ ရှောင်းကျန့် ဘာပြန်ပြောရမှန်း မသိဖြစ်နေသည်။
သူ တကယ့်ကိုလုံးဝမထင်မှတ်ထားသော စကားကြောင့်ပင်။

ဝမ်ရိပေါ်က အနောက်ဆုတ်သွားပြီး ခေါင်းငြိမ့်ပြသည်။

"အိုကေ အိုကေ...အခုဏ ဘာမှမပြောခဲ့ဖူးလို့ သတ်မှတ်လိုက်။ကားဆက်မောင်းတော့!!"

"မဟုတ်ဘူး...မောင်...!!"

"မေ့လိုက်တော့လို့!!"

"မောင်!!"

"ဘာလဲ။ဘာအကြောင်းပြချက်ပေးဦးမလို့လဲ။
အစကတည်းက ခဗျားအချစ်ကို မယုံကြည်တာ။အခုလည်း ခဗျားသာ ကျွန်တော့်ကို တကယ်ချစ်ရင် ဘာမှတွေဝေနေမှာ မဟုတ်ဘူး!!"

"အခုဏက ငါ တွေဝေနေတာ မဟုတ်ဘူး။ ငါ အံ့သြနေတာ!"

"ဟက်!! ဘာအံ့သြရှိလို့လဲ ခဗျားရာ။
ကောင်လေးတစ်ယောက်က သူ့ ချစ်သူကောင်လေးကို လက်ထပ်ဖို့ ပြောတာပဲ။ဒါတွေက ရိုးနေပါပြီ!"

"ငါ့အတွက် မရိုးလို့ပေါ့!"

"ပိုတောင် မဖြစ်နိုင်သေး။ခဗျား ဒီအသက်အရွယ်ထိ ခဗျားကို
လက်ထပ်ခွင့်တောင်းတဲ့သူတွေ ရှိမှာပဲ။ခဗျားဘက်ကလည်း လက်ထပ်ခွင့် တောင်းခဲ့မှာပဲ။ဘာတွေများ ထူးဆန်းလို့လဲ!"

"မင်းဆီက ဖြစ်နေလို့ပေါ့ !"

"ဟမ်?"

"ငါ ချစ်ရတဲ့ မင်းဆီက ဖြစ်နေလို့ပေါ့ မောင်ရဲ့...ဟင့်!!!"

ရှောင်းကျန့်က ဝမ်ရိပေါ်ကို ဆွဲဖက်ရင်း ဝမ်ရိပေါ်လည်ပင်းကြားမှာ ခေါင်းတိုးဝှေ့ကာ ငိုပြီး ပြောလေသည်။တစ်ခဏမျှ ကြောင်သွားပေမဲ့ ကြောင်ပေါက်လေးလို အပွတ်ခံနေရတဲ့ ဝမ်ရိပေါ် မျက်နှာမှာ အပြုံးကြီးကြီးတစ်ခု ချိတ်ဆွဲလာသည်။

LOVE ME , DARLING [ Completed ]Where stories live. Discover now