LOVE ME , DARLING
ZAWGYI
ဝမ်ရိပေါ် ကျောင်းပြီးသွားပြီ။
ရှောင်းကျန့်က ဝမ်ရိပေါ်က အလုပ်သင် ၃ လလောက်လုပ်ခိုင်းပြီး MD ရာထူးကို ချက်ချင်းခန့်ပေးသည်။ရှောင်းကျန့်က အရင်လို ကုမ္ပဏီကို မသွားတော့ဘဲ အိမ်ကနေဘဲ လုပ်ဆောင်တော့သည်။အသက်အရွယ်က ရလာပြီမလား။
ဝမ်ရိပေါ်ကတော့ အရွယ်နှင့်လိုက်အောင်ပင် အလုပ်ကြိုးစားပြသည်။ပရောဂျက်တစ်ခုအောင်မြင်တိုင်း ရှောင်းကျန့်က ဆုလာဒ်အနေနဲ့ ညလုံးပေါက် အင်း…။အဲ့တာကို ဆုချရသည်။
တစ်နှစ်လောက်အကြာမှာပဲ သူတို့နှစ်ယောက် လက်ထပ်စာချုပ်တစ်ခုမှာ တိတ်တဆိတ်လက်ထပ်ဖြစ်ခဲ့သည်။ဝမ်ရိပေါ်က ခမ်းခမ်းနားနားဖြစ်ချင်သော်လည်း ရှောင်းကျန့်က ရှက်သည်ဟုဆိုတာကြောင့် သူ လိုက်လျောပေးခဲ့သည်။
ကိုယ့်တူကိုယ့်သားအရွယ်နဲ့လူအများကြီးရှေ့မှာ နမ်းရမှာ
အလွန်တရာရှက်သည်တဲ့။လက်မှတ်ထိုးအပြီး ဝမ်ရိပေါ်ရင်ခွင်ထဲ အတင်းတိုးကာ ဖြေသည်။ဟဲဟဲ ဝမ်ရိပေါ်ကတော့ အကြိုက်ပေါ့။
ရှောင်းကျန့်ပြောနေသည်ကို စိတ်မဝင်စား။ရင်ခွင်ထဲက လူကြီးကို ဘယ်ပုံစံနဲ့ ဘယ်လိုအကြိုက်တွေ့ အောင် လုပ်ရမလဲဆိုတာ တွေးရင်း သဘောကို ကျနေတော့သည်။ဝမ်ရိပေါ် တကယ့်ကိုပင် စိတ်ချမ်းသာရသည်။အလုပ်ပြီးလို့ အိမ်ပြန်ရင် စောင့်ကြိုမည့်သူ အဆင်သင့်။ပြီးတော့ မောင်အစား ယောကျာ်းလို့ ခေါ်ပါလားပြောတော့ ဘဲကြီးက ခေါင်းငြိမ့်ပြသည်။
ဘဲကြီးရဲ့ ယောကျာ်းလို့ခေါ်သံကြားတိုင်း ဝမ်ရိပေါ်သွေးကြောတွေ ရပ်တန့်သွားတော့မလိုပဲ။ဘယ်လိုပြောရမလဲ…အီပြီးတော့ နားထဲကို ချိုချိုစိမ့်စိမ့်လေးကို ဝင်လာတာ။
ကားမောင်းရင်း မတွေးတောဖို့ ဒါလင်က မှာထားသော်လည်း မတွေးဘဲမနေနိုင်အောင် ချစ်ဖို့ကောင်းလွန်းနေသည့်သူလေးကြောင့် တပြုံးပြုံး။
အိမ်ဝကိုတောင် ရောက်လာပြီ။ကားရပ်လိုက်တာနဲ့ အကြင်နာဆုံးရဲ့ မျက်နှာလေးနဲ့အသံလေးကို ကြားရတော့မည်။
