Episode - [ 27 ]

6.2K 481 36
                                    

LOVE ME , DARLING

ZAWGYI

"ယောကျာ်း!"

"အင်း"

"ဒီနေ့ ရှယ်ယာရှင်အစည်းအဝေးရှိတယ်ဆိုတော့ ကိုယ်လိုက်ရမှာပေါ့!"

ရှောင်းကျန့်က ဝမ်ရိပေါ်ရင်ခွင်ထဲတိုးဝင်ကာ နဖူးပေါ်ကဆံပင်တွေကို သပ်တင်ပေးရင်း မေးသည်။မနက် ၆ နာရီပဲရှိသေးတာမို့ နှစ်ယောက်စလုံးမထသေးဘဲ ကွေးနေခြင်းဖြစ်သည်။

"အင်း လိုက်ရမှာလေ!
ကျွန်တော့်သူဌေးလေးရဲ့!"

"ဒါဆို ဟိုတလောက ဝယ်ထားတဲ့ ဆင်တူ suit လေး ဝတ်မယ်လေနော်!"

"ဝတ်ရမှာပေါ့။
ဒါမှ ဒါလင်က ကျွန်တော့်အပိုင်ဆိုတာ သူများတွေပိုသိကြမှာ!"

"အူပုတ်!
ကိုယ်က မင်းအပိုင်ဆိုတာ လူတိုင်းသိတယ်!"

"ပိုသိအောင် ပိုသိအောင်!!"

ဝမ်ရိပေါ်က ရှောင်းကျန့်မျက်နှာကို ဆွဲမော့ပြီး အတင်းဖက်နမ်းတော့သည်။ရှောင်းကျန့်က ယားတာကြောင့် ဝမ်ရိပေါ်မျက်နှာကို တွန်းထုတ်သော်လည်း သူ့ လက်တွေကို ခေါင်းရင်းကိုမြှောက်ကာ ချုပ်သည်။

"ဝမ်ရိပေါ် မနက်ခင်းကြီး ဘာဖြစ်နေတာလဲ!"

ရှောင်းကျန့်က မောဟိုက်သောလေသံဖြင့် ပြောသော်လည်း
ဝမ်ရိပေါ်က ပြုံးကာ ရှောင်းကျန့်နှုတ်ခမ်းတစ်ခုလုံးကို အရှေ့သို့စူထွက်လာအောင်ပင် စုပ်ယူလေသည်။

"အွန့်…တော်ပြီလို့!!"

စကားပြောလို့ ဟသွားတဲ့ နှုတ်ခမ်းပါးလေးထဲ ဝမ်ရိပေါ်က အခွင့်ကောင်းရသူပီပီ သူ့ လျှာကို ထည့်လိုက်သည်။အထဲက
တွန့်လိမ်နေသည့် လျှာလေးကို စုပ်ယူပြီး ပိုမိုသိပ်သည်းသောအနမ်းကို ဖန်တီးသည်။

ဆယ့်ငါးမိနစ်လောက်အဆက်မပြတ်အနမ်းခံရတာကြောင့်
ရှောင်းကျန့် အသက်ရှူမဝတော့။ဘယ်လိုမှလည်း တွန်းထုတ်လို့ မရတာကြောင့် ဝမ်ရိပေါ်ဗိုက်ကို ဒူးနဲ့ပစ်ကြွေးလိုက်သည်။

"အာ့!"

ဗိုက်ကိုဖိကာ ဝမ်ရိပေါ်က ဘေးဘက်ကို လဲကျသွားသည်။

"နာသွားလား!"

"ဒါလင်က အရမ်းလုပ်တာပဲ"

"မင်းက လူလိုမှ မနမ်းတာ။ငါ အသက်ရှူအရမ်းကြပ်နေပြီလေ! တွန်းထုတ်တဲ့လက်တွေကိုလည်း ချုပ်ထားတော့ လွတ်တဲ့ခြေထောက်နဲ့ တွန်းလိုက်ရတာပေါ့!"

LOVE ME , DARLING [ Completed ]Where stories live. Discover now