LOVE ME , DARLING
ZAWGYI
ဝမ်ရိပေါ်က အခု တက္ကသိုလ်တက်နေဆဲ။
ဒါလင်နဲ့ ချစ်သူဖြစ်တာ နှစ်နှစ်သက်တမ်း…ဒီနှစ်နှစ်အတွင်းမှာ ဝမ်ရိပေါ်ကို ရှောင်းကျန့်က ထင်မထားလောက်အောင် ချစ်လည်းချစ်ပြတယ်။အလိုလည်း လိုက်တယ်။
ဒါကို ကန်းတက်လာတဲ့ကောင်လေးက ဆိုးပြနေတယ်။သူ ဆိုးရတဲ့ ရည်ရွယ်ချက်က ဘာမှတော့ မဟုတ်ပါဘူး။အရင်လို
ဒါလင် ဆူတာလေးကို ခံချင်လို့!ဒုတိယနှစ်မှာ ကျောင်းပြောင်းလာတဲ့ ကျင်းဟန်က ဝမ်ရိပေါ်တို့နဲ့ Type တူတယ်။ပေါင်းရသင်းရလွယ်တာမို့ သတိလက်လွတ်ပဲ တူတူဆိုးပစ်တယ်။
ဒါလင်က ဘေးနားမှာ ဘော်ဒီဂတ်တွေ အများကြီး ထားပေးထားတယ်။သူက သာမာန်လူပဲဟာ ဒီလူတွေလိုမှမလိုတာ။
စိတ်ကျဉ်းကြပ်တာကြောင့် ထိုလူတွေကိုလည်း ကျင်းဟန်တွေနဲ့ပေါင်းကာ လှည့်ပြီး ထွက်ထွက်လာတယ်။အဲ့လွတ်လပ်သွားတဲ့ အချိန်ကို သိပ်သဘောကျတာပဲ။ပေါ့ပေါ့ပါးပါးပဲ ရယ်ခဲ့တယ်။ဘေးနားက ငေးကြည့်နေတဲ့ မျက်ဝန်းတွေကိုတော့ ဝမ်ရိပေါ် သတိမထားခဲ့မိဘူး။ကျင်းဟန်ဆိုတဲ့ကောင်လေးက ချစ်ရသူကို ငေးကြည့်ဖို့အတွက် မွေးဖွားလာသူ ဖြစ်လိမ့်မယ်။
ဝုန်း!!!
လွတ်နေတဲ့ အသိစိတ်တွေ ပြန်ကပ်သွားသလိုမိျုး ဝမ်ရိပေါ် ဖြစ်သွားသည်။တံခါးဖွင့်တဲ့သူက ချစ်သူ။ပေါင်ပေါ်မှာ လည်ပင်းကို ချိတ်လျက်ထိုင်နေသူက အခြားသူ။
နှစ်ယောက်မတူ ကွဲပြားနေတဲ့ အချိန်မှာ ဝမ်ရိပေါ် ဦးနှောက်ကို နည်းနည်းအလုပ်ပေးလိုက်တယ်။သူဘာမှ မသိဘူး။
မူးနေခဲ့တာပဲ!"ဒါလင် မင်းထင်သလို မဟုတ်…အု"
ဆက်ပြောမဲ့ စကားတိတ်သွားတယ်။ရုတ်တရက်ကြီး ဒါလင်က အနားကိုလာပြီး နှုတ်ခမ်းတစ်ခုလုံးကို စုပ်ယူသွားတယ်။
လျှာနဲ့ပါ နှုတ်ခမ်းတစ်လုံးကို လျှက်နေတယ်။ပြီးတော့ ပြန်ခွာသွားတယ်။ဝမ်ရိပေါ် အခု အမူးလုံးဝကို ပြေသွားပြီ။
"ဒီလောက်ဆို အခြားသူနှုတ်ခမ်းက ဟာတွေ ပြောင်လောက်ပြီ။ပြန်ရအောင်!!"