LOVE ME , DARLING
ZAWGYI
ရှောင်းကျန့်က ဝမ်ရိပေါ်နှင့် မျက်နှာချင်းဆိုင် အရင် ထိုင်လိုက်သည်။
"ကဲ…ခဗျားအရင်ပြော!!"
"မင်း ငါ့ကို ချစ်လား"
ဝမ်ရိပေါ်က မမျှော်လင့်ထားတဲ့ မေးခွန်းဖြစ်၍ ခနတာ တွေဝေသွားသည်။
"ရပြီ…ရိပေါ်။ဘာမှဆက်ဆွေနွေးစရာ မလိုတော့ဘူး။
ဒီမေးခွန်းတစ်ခုနဲ့တင် လုံလောက်ပြီ!"ရှောင်းကျန့်က ဆိုဖာပေါ်က ထရန်အပြု ဝမ်ရိပေါ်က လက်ကို လှမ်းဆွဲလိုက်သည်။
"အခုန မေးခွန်းက ကျွန်တော်မမျှော်လင့်ထားလို့ ကြောင်သွားတာပါ။အခု အဲ့မေးခွန်းကို ကျွန်တော် ဖြေမယ်!"
"မဖြေနဲ့တော့ ရိပေါ်…
ငါ့ရဲ့မေးခွန်းကို တစ်ခေါက်လစ်လျူခံရပြီးမှ ပြန်ဖြေပေးတာ မကြိုက်ဘူး!""မာနကြီးလိုက်တာ!!"
ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ လက်ကို ခါထုတ်လိုက်ပြီး တံခါးဝဆီသို့ လျှောက်သွားသည်။
"ငါက အဲ့လိုလူမျိုးပဲမို့ မင်းနဲ့ငါ ဒီလောက်နဲ့ ပြီးပြီ ဝမ်ရိပေါ်!!"
"အား!!!"
ဝမ်ရိပေါ်က ရှောင်းကျန့်အနား ပြေးသွား၍ လက်မောင်းနှစ်ဖက်ကို ကိုင်ကာ……
"ခဗျားကို ကျွန်တော် အရမ်းချစ်တယ် ဘဲကြီးရဲ့…
ခဗျားအနားမှာ ကျွန်တော်နေချင်တယ်။ခဗျားရဲ့ အသက်ရှူသံလေးကိုပဲ အမြဲနားထောင်ချင်တယ်။ခဗျားရဲ့ ဒီနှုတ်ခမ်းတွေကိုပဲ အမြဲငေးကြည့်ချင်တယ်။အဲ့ဒါကြောင့်မို့ လမ်းခွဲဖို့ မပြောပါနဲ့လား ဘဲကြီးရာ!!!"ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ မျက်နှာတစ်ခုလုံးကို သူ့ လက်နှင့်
ပွတ်သပ်ကာ ထိုစကားများကို ပြောနေသည်။ရှောင်းကျန့်ကတော့ အရှေ့က ကောင်လေးပြောတာတွေကို ကြားတစ်ချက်မကြားတစ်ချက်နဲ့ပဲ စိုက်ကြည့်နေသည်။"ခဗျားလည်း ကျွန်တော့်ကို ချစ်တယ်မလား။
ဒါက ခဗျားမပြောလည်း ကျွန်တော် ရိပ်မိပါတယ်။ကျွန်တော်
ခဗျားကို မချစ်ခင်ကတည်းက ကျွန်တော့်ကို ချစ်နေတာမလား။"