LOVE ME , DARLING
ZAWGYI
ရှောင်းကျန့် အိမ်ပြန်ရောက်နေပြီ ဖြစ်သည်။ဝမ်ရိပေါ်ကတော့ အခုထိ ပြန်မရောက်သေး။လက်က နာရီတစ်ချက်ကြည့်လို့ ဝမ်ရိပေါ်နောက်လိုက်သွားတဲ့ ဘောဒီဂတ်တစ်ယောက်ဆီကို ဖုန်းခေါ်လိုက်သည်။
"ပြန်မလာသေးဘူးလား!"
"ဘောစ့်တူလေးက မထနိုင်အောင် မူးနေတယ်!"
"အဲ့ဒါဆို တွဲပြီး ပြန်ခေါ်လာလေ။ဘာလုပ်နေကြတာလဲ"
"ဟုတ်။အခုပဲ ပြန်ခေါ်လာခဲ့ပါ့မယ်"
"မြန်မြန်လာ နောက်ကျနေပြီ"
ကျစ်တစ်ချက်စုတ်လို့ ဧည့်ခန်းထဲမှာ ထိုင်ရင်း သူတို့ပြန်အလာကို စောင့်နေလိုက်သည်။
နာရီဝက်လောက်အကြာမှာ အိမ်ရှေ့က ကားသံကြောင့် ဝင်လာမည့် အိမ်ပေါက်ဝကို လှမ်းကြည့်လိုက်သည်။
"တစ်ခါတည်း အိပ်ခန်းထဲထိ လိုက်ပို့ပေး"
ဝမ်ရိပေါ်ကို တွဲထားတဲ့ သက်တော်စောင့်နှစ်ယောက်ကို အမိန့်ပေးလိုက်သည်။ထိုသူတို့က အမူးသမားအဆိုးကောင်ကို အိပ်ယာပေါ်သေချာချပေးပြီး ရှောင်းကျန့်ကို ဦးညွှတ်သည်။
"ပြန်လို့ရပြီ!"
"ဟုတ် ဘောစ့်!"
သက်တော်စောင့်များ ပြန်ထွက်သွားပြီး ရှောင်းကျန့် ထိုအမူးသမားလေးကို ကြည့်လိုက်သည်။
"အသက်ကဖြင့် ငယ်ငယ်ပဲ ရှိသေးတယ်။မူးရူးနေတာ လူမြင်မကောင်း။ဆိုးပါ မောင်ရေ…မင်းကို ကာကွယ်စောင့်ရှောက်ပေးမယ့် ငါရှိနေလို့!"
ရှောင်းကျန့်တစ်ယောက်တည်း ညည်းညည်းညူညူးပြုရင်း
သူချစ်ရတဲ့ အဆိုးလေးကို ရေပက်တိုက်ပေးလိုက်သည်။
အငြိမ်မနေတာကြောင့် လက်ကို ခပ်ဆက်ဆက်ရိုက်ပစ်လိုက်သည်။"ရှောင်းကျန့်ရား…ရှောင်ရှောင်းကျန့်!!"
သူ့ နာမည်ကို အကျယ်ကြီးအော်ခေါ်နေတဲ့ ကောင်လေးရဲ့နဖူးကို တောက်လိုက်သည်။
"အကြီးကို ဘာလို့နာမည်ခေါ်နေတာလဲ အမူးသမားရဲ့!"
"ရှောင်းကျန့်လေး…ကိုယ့်ရဲ့ရှောင်းရှောင်းလေး…ရက်စက်တယ်ကွာ…မင်းကို မုန်းချင်လိုက်တာ…ဒါပေမဲ့လည်း…ဟင့်…
ချစ်တယ်…ခဗျားကြီးကို!!!"