Episode - [ 3 ]

13K 964 29
                                    

LOVE ME , DARLING

ZAWGYI

မမျှော်လင့်သင့်တဲ့ အရာတစ်ခုကို သိသိလျက်နဲ့ ဝမ်ရိပေါ် မျှော်လင့်မိသည်။မဖြစ်နိုင်တဲ့ အရာကို ရှေ့မဆက်ဖို့ အသိစိတ်က အထပ်ထပ်သတိပေးနေသော်လည်း ရှောင်းကျန့်ကို သဘောကျတယ်ဆိုတဲ့ အသိစိတ်က ပိုစိုးမိုးသွားခဲ့သည်။

ဝမ်ရိပေါ် ပြီးခဲ့တဲ့ မွေးနေ့ပွဲညကို မုန်းတယ်။သူ မသိချင်တဲ့
ကိစ္စကိုလည်း သိလိုက်ရသလို မဖြစ်ချင်တဲ့ အကြောင်းအရာတွေလည်း ဖြစ်လာခဲ့တယ်။

ထိုနေ့ညက အန်ကယ်လ်လေးနဲ့ အတင်းအကြပ် မခွဲခွာနိုင်ဖက်နေတဲ့သူက အန်ကယ်လ်လေး ဘယ်တော့မှ မမေ့ခဲ့တဲ့ အချစ်ဦးတဲ့။

သူနဲ့အန်ကယ်လ်လေးက အမျိုးတော်တယ်ဆိုတဲ့ စည်းဘောင်တစ်ခုကြောင့် သူ ရှောင်းကျန့်ကို လက်လွှတ်ဆုံးရှုံးရတော့မှာလား။

အချစ်က လုပ်ယူလို့ မရဘူးလို့ ပြောကြတယ်လေ။သူလည်း
ဦးလေးဖြစ်သူ ရှောင်းကျန့်ကို ဘယ်ချစ်ချင်ပါ့မလဲ။ဒါပေမဲ့ အခြားတစ်ယောက်က ဦးလေးဖြစ်သူကို မျက်စိရှေ့တင် ပွေ့ ဖက်နမ်းရှိုက်တာကို သူ လက်မခံနိုင်ဘူး။

သူ့ ဘက်က ဆုံးရှုံးသွားတဲ့ ခံစားချက်ကြီးကို သူ မကြိုက်ဘူး။
သူ လုံးဝ အဆုံးရှုံး မခံနိုင်ဘူး။

အခန်းထဲမှာပဲ ဝိုင်တစ်လုံးလုံး ကုန်အောင် သောက်ကာ လူမသိ သူမသိ အသဲကွဲနေတာ ဒီနေ့ဆို နှစ်ရက်မြောက်နေ့။အရင်တုန်းက နေ့တိုင်းလာတဲ့ အန်ကယ်လ်လေးက အခန်းတံခါးလာခေါက်ဖို့တောင် သတိရမည့် ပုံမပေါ်။

ပြန်တွေ့ နေတဲ့ ငယ်ချစ်ဦးကြီးနဲ့ သာယာပျော်မွေ့ နေလောက်ပြီပေါ့။ဝမ်ရိပေါ် ထပ်ငိုချလိုက်တယ်။မရေရာမှုတွေကြားမှာ သူ ပြိုလဲနေပြီ။

အမျိုးတော်စပ်မှုစည်းကို ဘယ်လိုကျော်ဖြတ်ရမလဲ သူ အရင်ဆုံး စဉ်းစားရမယ်။

ဒေါက် ဒေါက် !!

"ရိပေါ်!"

ဒါ သူ့ အန်ကယ်လ်လေး အသံပဲ။နှစ်ရက်လုံးလုံး ပျောက်နေတဲ့ ကျွန်တော့်ကို အခုတော့ သတိထားမိပြီပေါ့။

"ရိပေါ်…!!"

"တံခါးဖွင့်ထားတယ်"

အခန်းထဲကို ဖြည်းဖြည်းလေးဝင်လာတဲ့ အန်ကယ်လ်လေးက
သူ့ ကို အရင်ကြည့်ပြီး ဘေးပတ်ဝန်းကျင်ကို စူးစမ်းကြည့်သည်။

LOVE ME , DARLING [ Completed ]Where stories live. Discover now