ZAWGYI
"ယောကျာ်း ဖယ်ကွာ...
ဘေးမှာ ကလေးရှိတယ်"အိပ်မောကျနေသည့် အားယွမ်လေးကို ဝမ်ရိပေါ်က ကုတင်အစွန်းသို့ နေရာချထားပြီး သူ့ ဘဲကြီးအား နောက်ကျောကနေသိုင်းဖက်ကာ အင်္ကျီအောက်ထဲ လက်လျိုသွင်း၍ ပွတ်သပ်နေလေသည်။
"အားယွမ် အိပ်ပျော်နေတယ်လေ ဒါလင်ရယ်။
ကလေးရှိတယ် ကလေးရှိတယ်ဆိုပြီး ကျွန်တော့်ကို ပစ်ထားတာ လချီနေပြီနော် ဘဲကြီး""ဒီကောင်လေး ဆိုးပြီ...
တကယ်လည်း ကလေးရှိတယ်လေကွာ။မတော်လို့ ကိုယ်တို့
လုပ်နေတုန်း ကလေးနိုးသွားရင် မသင့်တော်ဘူးလေ""သူက သူ့ အိပ်ခန်းမှာ မအိပ်ဘဲ ဒီမှာလာအိပ်နေတာကို..."
"ဝမ်ရိပေါ်"
ရှောင်းကျန့်က ဝမ်ရိပေါ်ဘက်သို့ မျက်နှာချင်းဆိုင်လှည့်လိုက်ပြီး စူထွက်စပြုနေသည့် နှုတ်ခမ်းလုံးလေးကို လက်နဲ့ဆွဲလိုက်သည်။
"ဘာ ဝမ်ရိပေါ်လဲ...
ယောကျာ်းလို့ခေါ်""လူဆိုးလေးနော်...
အခု နောက်ကျနေပြီ အိပ်တော့နော်။မနက်ကျရင် အလုပ်လည်း သွားရဦးမယ်""အေးနော် ဘဲကြီး။
မနက်ဖြန်ညနေ အားယွမ်ကျောင်းမဆင်းခင် စောစောပြန်ခဲ့မယ်။အဲ့ကျရင် တွေ့ ပြီပဲ!""အေးပါကွာ အေးပါကွာ"
ဘေးသို့ ဖောင်းထွက်နေသည့် ပါးကြီးကို ရှောင်းကျန့် ခပ်နာနာလေး ကိုက်ပစ်ရင်း အဆိုးလေးကို လက်လျော့ပေးရသည်။
ဝမ်ရိပေါ်က သူ့ ကို လာကလူနေသည့် ဘဲကြီးကို လည်တိုင်က အုံ့ကိုင်လိုက်ပြီး ပြုံးနေသည့် မှဲ့နက်ပါသော နှုတ်ခမ်းကို
ဖိကပ်နမ်းလိုက်သည်။ပိုမိုနီးကပ်စေရန် လက်ကို ခေါင်းသို့နေရာပြောင်းပြီး ရှေ့သို့တိုးစေကာ နမ်းသည်။ပူနွေးသော အာခံတွင်းလေးထဲသို့
လျှာကို ထည့်သွင်းပြီး လှည့်ပတ်စုပ်ယူလိုက်သည်။"အင့်...ယောကျာ်း တော်ပြီ"
မလွှတ်ချင် လွှတ်ချင်နဲ့ လွှတ်ပေးလိုက်ပြီး နှုတ်ခမ်းထောင့်ကနေ မေးစေ့သို့ စီးကျနေသည့် အရည်တွေကို လက်မနဲ့
ဖိသုတ်ပေးလိုက်သည်။
