LOVE ME , DARLING
ZAWGYI
ဝမ်ရိပေါ် မူးနှောက်နေတဲ့ ခေါင်းကို အနည်းငယ်ခါရမ်းလိုက်ပြီး နားထင်ကို လက်ဖြင့်အသာနှိပ်ကာ ထထိုင်လိုက်သည်။မျက်လုံးကို ဖွင့်ပြီး ဘေးပတ်ဝန်းကျင်ကို လျှောက်ကြည့်မိတော့
တစ်ခါမှ မမြင်ဖူးတဲ့ အခန်းတစ်ခန်းထဲ ရောက်နေတာကို သိလိုက်ရသည်။သူ အိပ်ပျော်သွားခဲ့တာပဲ။ပိုင်မင်ယွီရဲ့ ဧည့်ခန်းထဲမှာ။ဒါဆို သူရောက်နေတာ ပိုင်မင်ယွီအိပ်ခန်းပေါ့။ထိုအချိန် တံခါးဖွင့်သံကြားတာကြောင့် တံခါးဘက်ကို မျက်နှာမူလိုက်သည်။
"အဲလစ်!!"
"ရိပေါ်!! နိုးနေပြီလား။"
"အင်း။ငါ အိပ်ပျော်သွားတယ်"
"အင်းအင်း။"
အဲလစ်က ဝမ်ရိပေါ်ဘေးနားမှာ လာထိုင်တာကြောင့် သူ ကုတင်ပေါ်က ဆင်းကာ ဆိုဖာပေါ်သို့ ပြောင်းထိုင်လိုက်သည်။
အဲလစ်ကပါ သူ့ နောက်လိုက်လာပြီး ဘေးနားလာထိုင်သည်။
ဝမ်ရိပေါ် နေရထိုင်ရတော့ အတော်ကြပ်တည်းလာသည်။"နေကောင်းတယ်မလား အဲလစ်!"
"အင်း။ကောင်းပါတယ်"
"ငါနဲ့တွေ့ ပြီး ဘာပြောစရာရှိလို့လဲ"
"ဒီအတိုင်းတွေ့ ချင်လို့ပါ"
"အဲ့ဆို ဆိုင်တစ်ဆို်င်မှာ တစ်ခုခုစားရင်း စကားပြောကြတာပေါ့!"
ဝမ်ရိပေါ် မတ်တပ်ထရပ်လိုက်တော့ အဲလစ်က လက်ကိုပြန်ဆွဲချကာ ပြန်ထိုင်စေသည်။
"အမှန်အတိုင်းပြောရရင် ငါ နေရတာ အဆင်မပြေဘူး အဲလစ်။နောက်နေ့မှပဲ တွေ့ ရအောင်!"
ဝမ်ရိပေါ် ခြေလှမ်းကျဲကျဲဖြင့် တံခါးဝသို့ ဦးတည်လိုက်သည်။
"ရှောင်းကျန့်က ငါ့ကို ဖျက်စီးခဲ့တာ!!"
အဲလစ်ရဲ့ စကားကြောင့် ဝမ်ရိပေါ်ခြေလှမ်းကို ရပ်ကာ သေချာနားထောင်လိုက်သည်။
"ရှောင်းကျန့်က နင့်ကို ဘာလုပ်ခဲ့လို့လဲ!"
"အဟက်!!
နင့်ကြောင့်လေ ငါ့ကို ဒီနိုင်ငံမှာပါ နေလို့မရအောင်ထိ လုပ်ခဲ့တာ။ငါ့ဦးလေး ပိုင်မင်ယွီအဖေက ငါ့ကို ဖွက်ထားခဲ့လို့ နင် အခု ငါ့ကို မြင်နေရတာ!"