LOVE ME , DARLING
ZAWGYI
"ကိုယ့်အချစ် ရေချိုးတော့လေ!"
"အင်း ချိုးမယ်…
ကိုယ် ဒီမှာ လုပ်စရာလေးရှိသေးလို့"မျက်မှန်လေးနဲ့ တစ်ခုခုကို အာရုံစိုက်နေတဲ့ ရှောင်းကျန့်က
မသိတဲ့သူဆိုရင် ဝမ်ရိပေါ်နဲ့ ရွယ်တူလောက်ပင် ရှိသည်ဟု
ထင်မည်။"မနက်ဖြန် ယောကျာ်းကို တစ်နေရာခေါ်သွားရင် ကောင်းမလားလို့"
ဝမ်ရိပေါ်က အနောက်ကနေ သေးသွယ်တဲ့ကိုယ်လေးကို သိုင်းဖက်လိုက်ပြီး လည်ပင်းကြားထဲတိုးဝင် နမ်းသည်။
"ဘယ်နေရာမို့လို့လဲ။
သွားမယ်လေ…""မနက်ဖြန်သွားမှ သိရမယ်"
"အထူးအဆန်းတွေ လုပ်နေပြန်ပြီ ကိုယ့်အချစ်လေးက!
ဒါနဲ့ မနက်ကရုံးခန်းထဲမှာ ပြောထားတာ မေ့နေပြီလား""ဘာလဲ…ကိုယ်မေ့နေပြီ!"
"ဘဲကြီးနော်!"
"ဘာလဲ ဘဲကြီး…လူကြီးကို မရိုမသေနဲ့နော်"
"အိမ်ကျရင် ထူးခြားတာလေး လုပ်ပေးမယ်ဆိုတာလေ"
"ဟုတ်လား ကိုယ်ပြောမိလို့လား"
ဝမ်ရိပေါ်က ဖက်ထားတာကို လွှတ်ပြီး ဘဲကြီးရဲ့မျက်နှာကို
သူ့ ဘက်သို့ ဆွဲလှည့်လိုက်သည်။"အခု ရေသွားချိုးလိုက်…
ရေချိုးခန်းထဲက ပြန်လာတာနဲ့ ကျွန်တော်ကပဲ ထူးခြားစွာ လုပ်ပေးမယ်""ယောက်ျား…"
သွားပြီ။ဝမ်ရိပေါ်တို့ စကားတစ်လုံးနဲ့တင် ပျော့ခွေသွားဖို့
လုံလောက်သွားလေပြီ။"အား…ဒါလင်ရာ"
ဝမ်ရိပေါ်က ရှောင်းကျန့်ကို ပွေ့ ချီပြီး ရေချိုးခန်းထဲသို့ ခေါ်သွားသည်။ရှောင်းကျန့်ရဲ့ မျက်နှာတစ်ခုလုံးကိုလည်း သူ့ နှာခေါင်းလုံးလုံးလေးနဲ့ ပွတ်ဆွဲနေသည်။ရှောင်းကျန့်က တခိခိရယ်ရင်း သူ့ ယောကျာ်းရဲ့ ဆံပင်တွေ ဖွပေးသည်။
ရေအပြည့်ဖြည့်ထားတဲ့ bathtub ထဲကို နှစ်ယောက်စလုံး
ထိုင်ရင်း ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့အဝတ်တွေကို ဆွဲချွတ်နေသည်။
