Episode - [ 2 ]

14.6K 934 12
                                    

LOVE ME , DARLING

ZAWGYI

ဝမ်ရိပေါ် အိပ်ယာနိုးတော့ ခေါင်းထဲ တဆစ်ဆစ်ထိုးကိုက်နေသည်။လက်ကို အပျင်းကြော အနည်းငယ်ဆန့်ကာ ဘေးက နာရီကို ကြည့်လိုက်တော့ မနက် ၈ နာရီ။

ကျောင်းပိတ်ရက်ဆိုတာ သတိရသွားတော့ ထရမှာတောင် တော်တော်ပျင်းသွားသည်။အပေါ်က ခြုံစောင်ကို ခွာကြည့်တော့ ဘောင်းဘီတိုလေးနဲ့ ဖြစ်နေတာကြောင့် ညက အကြောင်းအရာတစ်ချို့ ကို ပြန်တွေးကြည့်လိုက်သည်။

ညက အန်ကယ်လ်လေးက မူးနေတဲ့ သူ့ ကိုယ်ကြီးကို မနိုင့်တနိုင်နဲ့ အိပ်ခန်းထဲထိ တွဲခေါ်လာတယ်။သူ့ ပါးစပ်ကလည်း
ပေါက်ကရာ စကားမျိုးစုံကို တရစပ်ပြောနေပေမဲ့ အန်ကယ်လ်လေးက လုံးဝမကြားသလို။

သူ့ ကို အင်္ကျီတွေဘာတွေတောင် မချွတ်ပေးဘဲ ကုတင်ပေါ်တင်ကာ တစ်ခါတည်း စောင်ခြုံပေးသည်။ဝမ်ရိပေါ် ရှောင်းကျန့်လက်ကို ကိုင်ပြီး အနားတိုးရန် ခေါ်လိုက်သည်။

"အင်း ဘာလဲ!"

"အန်ကယ်လ်လေး ချစ်သူရနေပြီလား"

"ဘာဖြစ်လို့ မေးတာလဲ"

"ကျွန်တော့်ဦးလေးက ချောချောလေးမို့ သူများလက်ထဲ ပါသွားမှာ နှမြောနေလို့!"

"အော်"

"ရှိနေပြီလား"

"ဒါနဲ့ ကိုယ့်တူလေး ရိပေါ်ကရော!"

"အဟင်း မရှိသေးပါဘူး။ဒါပေမဲ့ ရှိတော့မှာပါ"

"အော်…အိပ်တော့လေ။အမူးပြေနေပြီမလား"

"မပြေသေးဘူးလို့ ထင်တယ်။ဒါနဲ့ အန်ကယ်လ်လေး ကျွန်တော်မေးတာ ဖြေဦးလေ!"

"မရှိသေးပါဘူး။"

ပြန်ထထွက်တော့မည့် ရှောင်းကျန့်လက်ကို ဝမ်ရိပေါ် ထပ်မံဆွဲလိုက်တာကြောင့် ရှောင်းကျန့်တစ်ကိုယ်လုံး ဝမ်ရိပေါ်ကိုယ်ပေါ် ကားယားလေးဖြစ်သွားသည်။

"ဝမ်ရိပေါ်!! ဖယ် ဘာလုပ်တာလဲ"

"ငြိမ်ငြိမ်နေပါ!!"

"မနေဘူး။ငါ့ခါးပေါ်က မင်းလက်ဖယ်!"

ဝမ်ရိပေါ်က မဖယ်ပေးတဲ့အပြင် ခါးသေးသေးလေးကို ပိုပြီးတော့တောင် ဖျစ်ညှစ်ကိုင်လိုက်သည်။

LOVE ME , DARLING [ Completed ]Where stories live. Discover now