" မိစ္ဆာဘုရင် ယွင်းရန် ပါလာတယ်တဲ့...."
"တကယ်ကြီးလား။ "
" သေချာတယ် ငါတို့ကတော့သေပြီ။ လုပ်မနေနဲ့တော့"
"အေးလေ တိုက်မနေနဲ့တော့။ ငါတို့ ဆက်တိုက်နေလည်း သူ့လက်ချက်နဲ့သေမှာပဲကို"
" သူကဘာလို့ ဝင်ပါတာလဲကွာ....မိစ္ဆာဆိုတဲ့အတိုင်းပဲ ယုတ်မာလိုက်တာ....အ့..."
*ရွှတ်*
" နားညီးလိုက်တာ"
ပြိုင်ပွဲနယ်မြေတွင် တိုက်ခိုက်စရာရှိသည်ကိုမတိုက်ခိုက်ပဲ စကားများနေကြသော တသိုက်ရှိပုံရသည်။ ယွင်းရန်၏ ပစ်မှတ်သည်ကသားရဲကောင်ကြီးများဖြစ်ပြီး အတော်လေးအဖိုးတန်သည့်အကောင်တစ်ကောင်ရမည်ဆိုလျှင်ပင် သူဤပြိုင်ပွဲမှ ထွက်မည်ဖြစ်သည်။
သိူ့သော်လည်း ဖြတ်သွားရင်းပင်ကြားနေရသောစကားများကြောင့် မည်သို့မျှဆက်သွားရန်အဆင်မပြေသဖြင့် လမ်းကြုံသတ်ပစ်လိုက်ရန်ဆုံးဖြတ်လိုက်ခြင်းပင်။
" အား.....အ...အရှင်ယွင်းရန်...ချမ်သာပေးပါ။ "
"အရှင်ယွင်းရန်..... ကျွန်တော်မျိုးတို့က အားနည်းသူတွေပါ....ကျေး..ကျေးဇူးပြုပြီး..."
ယွင်းရန်သည် ထိုဆယ်ကောင်ထက်မနည်းသော ပုံစံမျိုးစုံနှင့် မကောင်းဆိုးဝါးများအားတစ်ချက်ကြည့်လိုက်သည်။ မြေတွင်ဝပ်ကာ အတင်းဦးချတောင်းပန်နေကြ၏။
ယွင်းရန်က ထိုသူတို့ကိုအကြည့်လွှဲလိုက်ပြီးနောက် သူ၏လက်ထဲရှိဓားအား ပြန်သိမ်းလိုက်ပြီး ထိုသူတို့အား လက်ဖြင့်တစ်ချက်ခန့်သာဝှေ့ယမ်းပစ်လိုက်သည်နှင့် အကုန်လုံးသည် လေပြင်းနှင့်တိုက်ခိုက်ခံရသလိုပင် လွင့်စင်သွားကြလေတော့၏။ ယွင်းရန်က သူ၏လက်ကိုနောက်သို့ပစ်လိုက်ရင်း
" ဟမ့် ဒီလောက်နဲ့များ ဒီနေရာကို ဝင်ရဲသေးတယ်လား "
.........................
များပြားသော သတ္တဝါဆန်းကြီးများနဲ့တိုက်ခိုက်ဖြစ်ခဲ့သော်လည်း ယွင်းရန်သည် ပျင်းလို့လာချေပြီဖြစ်သည်။ ရှန်းဝူပိုင်က ကိုယ်တိုင်ရွေးချယ်ပါသည်ဟူသော သတင်းကြောင့်သာ ဤပြိုင်ပွဲကိုသူဝင်ခဲ့ခြင်းပင်။
YOU ARE READING
The Deal With A Demon King
Spiritualမိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ့အတွက် ကံတရားကသတ်မှတ်ထားပြီးသားလား......