Part 28

472 59 3
                                    

Unicode Ver

နယ်မြေရိုင်းဒေသအား ကြီးမားသော အကာအရံကြီးပြုလုပ်ရန် ယွင်းရန်နှင့် ရှန်းဝူပိုင်တို့အပြင် နတ်အကြီးအကဲတချို့၊ နတ်စစ်သည်များနှင့်အတူ အခြားသော မျိုးနွယ်များသာမက ယွင်းရန်ဘက်ရှိ မိစ္ဆာမျိုးနွယ်အကြီးအကဲတို့ပါ အားလုံးကထိုနေရာသို့ရောက်နှင့်နေကြပြီဖြစ်သည်။

မိစ္ဆာတိုင်းပြည်၏ တဖက်စွန်းတွင်တည်ရှိသော ထိုနယ်မြေရိုင်းဒေသသည်ကား တခြားအစွန်းတဖက်တွင်လည်း ကောင်းကင်ဘုံနယ်မြေနှင့်အခြားသော မသေမျိုးတွယ်များတည်ရာနေရာအဖြစ် နေရာပေါင်းမြောက်များစွာတည်ရှိနေပါသေးသည်။ ထိုနယ်မြေရိုင်းအတွင်းဘက်ကို မှန်းဆမကြည့်လျင်တောင်မှ လွန်စွာကြောက်မက်ဖွယ်ရာကောင်းသည်ကို ၎င်း၏တောက်လောင်နေသဖွယ် ထိန်လင်းနေပါသော အနီရောင်အလင်းများနှင့် မီးပြင်းသဖွယ်အခိုးအငွေ့တို့ကို ပြင်ပကနေပင် သူတို့မြင်နေရသည်မို့ ဖြစ်သည်။

စွမ်းအင်အမြူတေမြင့်မားကြသည့် နတ် မိစ္ဆာ နှင့်အခြား မျိုးနွယ်များက ထိုနယ်မြေရိုင်း၏ဝင်ပေါက်တွင် စုစည်းလိုက်ကြပြီး အစည်းအတားကိုစတင်စေလိုက်သည်။ ၎င်းတို့၏ စွမ်းအင်အမြုတေတို့ကို လက်ဖဝါးမှတဆင့်ထုတ်လွှတ်လိုက်ပြီး ကိုယ်ပိုင်အသုံးပြုကြသည့် စွမ်းအင်အလိုက် တောက်ပသည့်အလင်းအရောင်မျိုးစုံဖြင့် ထွက်ပေါ်လာကြကာ ထိုပတ်ဝန်းကျင်တစ်ခုလုံး ရောင်စုံခြယ်ထားသလိူပင် လှပနေကြပြန်သည်။

......................................

အချိန်တချို့ကြာမြင့်လို့ပြီးတဲ့နောက်မှာတော့ ၎င်းတို့ဦးတည်ရာဂိတ်ဦးမှစတင်တာ ကောင်းကင်ယံနှင့်အတူ ဘေးပတ်ပတ်လည်အား အစည်းအတားသည် ကြည်လင်နေသော ရေပူဖောင်းသဖွယ် လွှမ်းခြုံကာ သွားလေတော့သည်။

တပြိုင်နက်ပင် အားလုံးကလည်း သူတို့၏စွမ်းအားများကို ပြန်လည်ရုတ်သိမ်းလိုက်ကြကာ ထိုအချင်းအရာ ပြီးဆုံးသည်အထိကြည့်နေကြသည်။ ထို့နောက် အားလုံးက လက်ခုပ်တီးနေကြကာ အချင်းချင်းလည်း တစ်ဦးကိုတစ်ဦး လေးစားသမှုဖြင့် အလေးပြုနေကြသည်။ ထိုလူများထဲတွု် ရှန်းဝူပိုင်လည်း တဦးအပါအဝင်ဖြစ်လေကာ ယွင်းရန်ကတော့ ထိုသူတိူ့နှင့် အနည်းငယ်ဝေးသည့် မိစ္ဆာနယ်နိမိတ်တံတားဖြစ်သည့် မျောလွင့်နေသည့် ကျောက်တုံးတစ်ခုပေါ်တွင်သာရပ်နေရင်း သူတို့ကိုပြန်ကြည့်နေလိုက်သည်။

The Deal With A Demon King Where stories live. Discover now