Part 10

5.9K 635 73
                                    

"လောင်ရဲ့....လောင်ရဲ့....."

"ဘာဖြစ်လို့လဲ နျူး။ဘယ်နေရာက ဘာဖြစ်ပြန်လို့လဲ။"

နှင်းတစ်မျှဖြူဖွေးလွန်းတဲ့အသားအရေနှင့် ကောင်ငယ်လေးတစ်ယောက်၊ဆံနွယ် ဖြူတွေဟာ ကျောပြင်ထက်မှ ရှည်လျားစွာဖားလျားကျဆင်းနေကြပြီး ဝတ်ဆင်ထားသော ဝတ်ရုံဖြူ၏အောက်ခြေနားသည်က အနည်းငယ်ညစ်ပေးနေသည်။

မျက်ခုံးနှစ်ခုကြားနေရာယူကာထားသော နှင်းပွင့်ချပ်သဏ္ဍာန်အမှတ်အသားလေးသည် တောက်ပကာ တစ်လတ်လတ်ထနေလေ၏။ဤသည်က နျူး၏ ပျော်ရွှင်နေသည့်စိတ်ခံစားချက်အမှတ်အသားပင်။သူ၏စိတ်အခြေအနေအား ထိုနှဖူးထက်ရှိ နှင်းပွင့်ချပ်လေးကိုကြည့်လျှင် သိနိုင်သည်။ ဝမ်းနည်းနေလျှင် နှင်းပွင့်ချပ်လေးသည်အရောင်မှိန်နေတတ်၏။

နျူးကအမြဲတစေ လွတ်လပ်စွာနေလေ့ရှိသည် ။ သူ့ထံ၌မည်သို့သော အတားအဆီးအခက်အခဲမျရှိပုံမပေါ်ချေ။လောင်ရဲ့က ထိုနှဖူးထက်ရှိ အမှတ်ကလေးအား တစ်ချက်ကြည့်လိုက်ပြီး တောက်ပနေသည်ကိုမြင်ကာမှ သက်သာရာရလိုက်သည်။

နျူးက သူ၏ လက်ထဲတွင်ကိုင်လာသော ပစ္စည်း တစ်ခုအားလောင်ရဲ့ ကိုပြလိုက်ပြီး

"ဒီမှာကြည့်ပါအုန်း။နျူး ဒါလေးကိုမက်မွန်တောထဲက တွေ့လာတာ။

လှတယ်မလား။လှတယ်မလား။"

မက်မွန်ပန်းပွင့်တစ်ပွင်သည် ပန်းနုရောင်နှင့် အလည်ဝတ်ဆံနားတွင် အနီရင့်ရောင်စီခြယ်ထားသော ပုံစံဖြစ်၏။ သို့သော်ထို အပွင့်လေးသည်က စင်စစ် မက်မွန်ပန်းပွင့်ကဲ့သို့ ပျက်စီးလွယ်သည့် ၊ ပျော့ပြောင်းနေသည့် မက်မွန်ပန်းပွင့်လေးတော့ မဟုတ်နိုင်ချေ။လောင်ရဲ့က နျူးလက်ထဲတွင်
ကိုင်ထားသော ပစ္စည်းလေးအားတစ်ချက်ကြည့်လိုက်သည်။နျူးတစ်ယောက် ဖန်ဆင်းခြင်းခံရသည်မှာနှစ်၅၀၀ပင် မပြည့်သေးချေ။ သိူ့သော်လည်း ကောင်းကင်ဘုံရှိ အခြားနတ်ဘုရားများနှသ့်စာလျင် သူ၏အပြုအမူများက အနည်းငယ်တော့ ထူးဆန်းနေတတ်သည်။

အနှစ်တစ်သောင်းတွင်သာတစ်ခါ ကျသည့်ကောင်းကင်ယံမြူနှင်းတို့ထဲမှနှင်းပွင့် တစ်ချပ်မှ နျူးအားဖန်ဆင်းခဲ့ခြင်းပင်။ထို့ကြောင့် ဤကိစ္စနှင့် ပတ်သတ်၍ မည်သူ့ထံတွင်မှ တာဝန်မရှိသလို မည်သူကမျှလည်းအရေးစိုက်လိမ့်မည်မဟုတ်။ အနည်းဆုံးတော့ နျူးဟာ နတ်ဘုရားအရာမမြောက်သေးသော နတ်သူငယ်လေးတစ်ယောက်ပင်ဖြစ်ချေ၏။

The Deal With A Demon King Where stories live. Discover now