ယွင်းရန်က မေ့မြောနေသောချီယွမ်အား ပွေ့ချီထားလျက်ပင် နန်းတော်ကြီး၏ လူနှစ်ရပ်စာခန့်မြင့်သောတံတိုင်းကြီးအား ခုန်ကျော်လာခဲ့သည်။
ရွှေအတိပြီးသော နဂါးနှစ်ကောင်ပါသည့်အမိုးသည် တိုင်းပြည်၏ကြွယ်ဝချမ်းသာမှုကို သိရှိစေနိုင်သည်။ကြီးမားလွန်းလှသည့် အဆောင်ရှေ့တွင်ယွင်းရန် ဖြေးညှင်းစွာ သက်ဆင်းလိုက်ပြီး အဆောင်တွင်းသို့ ခြေလှမ်းတစ်လှမ်းခြင်း ဝင်ရောက်လာခဲ့သည်။
တံခါးမကြီး၏ အဝတွင်ရှိသောတံခါးစောင့်နှစ်ဦးက ယွင်းရန်အား ဂါရဝပြုပြီးနောက် တံခါးနှစ်ဖက်ကို တဖက်စီမှနေ၍ဆွဲဖွင့်ပေးလိုက်သည်။
ဧည့်ခန်းမဆောင်ကြီး၏ အရှေ့တည့်တည့်တွင်က
ခန့်ညားထည်ဝါလှသည့် ပလ္လင်တော်ကြီးကနေရာယူထားသည်။ပိုးသားအတိဖြင့် ချုပ်လုပ်ထားသောအနီရောင် အခင်းထက်တွင် ကျောပေးကာ
ရပ်နေသည့် သူတစ်ယောက်။ဘေးတဖက်တစ်ချပ်စီတွင်ရှိနေသောအခြားသူများက ယွင်းရန်လာသည်နှင့်ဒူးထောက်ကာအရိုအသေပြုကြသည်။ထိုအခါမှ သူအာ့ကျောခိုင်းထားသည့်သူက ချက်ချင်းပင် လှည့်လာပြီးယွင်းရန်အား ခါးကိုင်းကာ ဂါရဝပြုလိုက်သည်။
"ဦးရီတော်....ပြန်လာပါပြီလား။ဒါက...."
ယွင်းရန်က သူ့အားခေါင်းအသာညိမ့်ပြရုံအပြင်အခြားစကားမဆိုချေ။သူလာရာလမ်းအတိုင်းကိုသာဆက်လျှောက်လာလိုက်ရင်း တခြားဖက်နေရာရှိအိပ်ဆောင်အတွင်းသို့ ချီယွမ်အားချီထားလျက်ပင် ဝင်သွားတော့သည်။ထိုသူက ယွင်းရန်အားသေချာကြည့်နေသည်။ဘေးရှိသူ၏သက်တော်စောင့်တစ်ယောက်က
"အရှင်မင်းကြီး....အဆောင်တော်ကိုပြန်ကြမလား။ဦးရီးတော်က.... အလုပ်ရှုပ်နေပုံ..."
ထိုသူက လက်ခါပြလိုက်သည်။
"ရတယ်...ငါကိုယ်တော်ကဦးရီတော်ကို ပြောစရာရှိနေတာမို့သူပြန်ထွက်လာမဲ့အချိန်အထိစောင့်မယ်။".
"မှန်လှပါ....အရှင်မင်းကြီး။."
ထိုသူကခေါင်းကိုသာပြန်ငုံ့နေလိုက်ပြီး မူလအတိုင်းပြန်ငြိမ်နေလိုက်သည်။
YOU ARE READING
The Deal With A Demon King
Spiritualမိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ့အတွက် ကံတရားကသတ်မှတ်ထားပြီးသားလား......