“ ပြန်တော့မလို့လား…”
ယွင်းရန်က တဖက်သို့လှည့်ကာ သွားရန်ပြင်နေသော နျူးကိုနောက်ဘက်မှနေ၍ လှမ်းမေးလိုက်သည်။ ဘာရယ်ကြောင့်မှန်းမသိပေမဲ့လို့ သူတကယ်တမ်း ဝန်ခံရလျှင် နျူးကိုသူနဲ့အတူ အကြာကြီးရှိနေစေချင်သည်။ သူ့အနေနဲ့ နျူးကိုတွေ့မြင်နေရသည်က စိတ်သက်သာရာရပြီး သူ့နှလုံးသားတစ်ခုလုံးလည်း အေးချမ်းနေသည်ဟုခံစားရသည်။ ထို့အပြင် မိစ္ဆာတိုင်းပြည်က သူ့အတွက်နေရသည်မှာ မွန်းကျပ်သလိုခံစားရတာကြောင့် သူအမြဲလိုလိုစာကြည့်တိုက်ထဲတွင်သာ သူ့ကိုယ်သူပိတ်လှောင်ထားလေ့ရှိသည်။ ယခုတော့ နျူးကို သူ့ဘေးနားမှာရှိနေစေချင်ပြီး အကယ်၍နျူးသာ ဤနေရာ၌ကြာကြာနေဖြစ်ခဲ့မည်ဆိုပါက ထိုကဲ့သို့သောခံစားချက်များ ကွယ်ပျောက်သွားနိုင်လောက်မည်ဟူသော အတွေးကို သူမတွေးပဲမနေနိုင်ချေ။ ထိုကဲ့သို့သော အတွေးကပင် သူ့ကိုသက်တောင့်သက်သာရှိစေသည်။ ထို့ကြောင့် သူ နျူးကိုတော်တော်နှင့် ပြန်မလွှတ်ချင်။ အတတ်နိုင်ဆုံးတော့ သူ့ဘေးနားမှာ ဆွဲထားချင်သည်။
သို့သော်လည်း နျူးက ယွင်းရန်၏စကားကြောင့် ခြေလှမ်းတို့ကိုရပ်တန့်လိုက်ပြီး ယွင်းရန်ဘက်သို့ပြန်လှည့်လာကာ
“ အွန်း…. ပြန်မှရတော့မယ်လေ….အခုလောက်ဆို လောင်ရဲ့ရဲ့ ဒေါသကငယ်ထိပ်မှာရောက်နေလောက်ပြီ။ နျူးကို အရည်ဖျော်ပစ်လိမ့်မယ်။ “
“ ဒါပေမဲ့….ငါမင်းကို တနေရာလိုက်ပို့အုန်းမလို့လေ…..”
နျူး၏ ဆက်တိုက်ပြုစုမှုကြောင့် နျူးလက်ထဲရှိအမဲလုံးလေးမှာ အိပ်ပျော်သွားပုံရကာ ငြိမ်သက်နေလေတော့သည်။ နျူးက ထိုကောင်လေးကိုလက်တဖက်ဖြင့်ပွေ့ကိုင်ထားရင်းပင် ကျန်လက်တစ်ဖက်က သူ၏ခေါင်းကို လှမ်းကုတ်ကာ
“ အဲ့တာက…နောက်…နောက်တခါမှ ကြည့်မယ်လေ…”
ထိုစကားကြောင့် စိတ်အလိုမကျဖြစ်နေပုံထောက်သော ယွင်းရန်၏မျက်နှာအမူအရာက ချက်ချင်းပုံမှန်အတိုင်းပြန်ဖြစ်သွားကာ
“ ဒါဆို….မင်း နောက်တခါ လာအုန်းမှာပေါ့…အဲ့လိုလား”
“ အင်းပေါ့…လာမှာလေ… ဒီနေရာကလည်း ပျော်ဖို့ကောင်းတာကို…”
YOU ARE READING
The Deal With A Demon King
Spiritualမိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ့အတွက် ကံတရားကသတ်မှတ်ထားပြီးသားလား......