Part 39

503 67 0
                                    

Unicode Ver

ဘုရင့်နန်းမြို့တော်နဲ့ သိပ်ပြီးမဝေးတဲ့ မြို့နေရာတစ်ခုမှာ ရှောင်ကျူးတို့မိသားစုက ချီယွမ်ကိုစောင့်ရင်း နေထိုင်စားသောက်ဖြစ်ကြသည်။ ၎င်းမြို့က နန်းမြို့တော်လောက်မကြီးကျယ်၊ မခမ်းနားသော်လည်း သူ့အနေအထားနှင့် သူတော့ ပြည့်စုံကာ နေထိုင်စားသောက်ရန် သင့်တော်လှသည်။ ရှောင်ဟွားသည်ပင် ထိုလအနည်းငယ်အတွင်း အရွယ်ရောက်နေခဲ့၏။ သူမသည် ထိုမြို့၏အဝတ်အထည်ချုပ်လုပ်သည့် လုပ်ငန်းတစ်ခုတွင် အချုပ်သမအဖြစ် ဝင်ရောက်လုပ်ကိုင်နေပြီး ရှောင်ကျူးကတော့ ထိုလုပ်ငန်း၌ပင် သယ်ယူပို့ဆောင်သည့်အလုပ်ကို လုပ်ကိုင်ဖြစ်သည်။ ထိုလုပ်ငန်း၏ သူဌေးက သူတို့မိသားစုအား ကြင်နာကာဂရုစိုက်ပေးပုံရသည်။ လမ်းတလျောက် ရှောင်ကျူးက သူမရှိသည့်အချိန်များတွင် ဖြစ်ပျက်ခဲ့သမျှကို သူ့အားလိုက်မှီစေရန်အလို့ငှာ သတင်းပေးလျက်ရှိသည်။ ချီယွမ်ကတော့ ရှောင်ကျုးပြောသမျှကိုသာ နားထောင်ရင်း ရင်ထဲအေးချမ်းရပါ၏။ ချီယွမ်ပြန်လိုက်သွားပြီး ပထမဆုံးအနေနဲ့ သူ၏မွေးစားအမေဆီမှ ဂရုစိုက်မှုတွေကို ပြန်ရခဲ့သည်။ သူမက ယခင်ကဖြစ်ခဲ့သမျှတွေကို စိတ်ထဲမထားတော့ပဲ လက်ရှိကိုသာ အကောင်းဆုံးအတူနေထိုင်သွားဖို့ ပြော၏။ အစဦးတည်းက သူမ၏ခံစားချက်ကိုသိတာမို့ ချီယွမ်သည် သဘောတူလိုက်သည်။ ယခုသူလိုအပ်ဆုံးသည်ကလည်း သူ၏အထီးကျန်မှုကို ဖြေဖျောက်ပေးနိုင်မည့် သူချစ်ရသည့် သူတချို့ပါပင်။ ယခုသူ့တွင် ရှောင်ကျူးသာမက သူညီမလေးတယောက်လို ချစ်ရပါသော ရှောင်ဟွားနှင့်လည်း ပြန်တွေ့ရပြီး အတူရှိနေနိုင်ချေပြီ။ သို့သော်လည်း ထိုကံကောင်းမှုကို သူတကယ်ပဲ ထိုက်တန်မှုရှိရဲ့လားဟုပင် သံသယဖြစ်မိပါ၏။ သူ့ဘဝတွင်ထပ်ပြီး မည်သို့သော် ကံဆိုးမှုတွေကိုမျှ ထပ်မကြုံရရန် ဆုတောင်းနေမိသည်။

“ ချီယွမ်… ဒီနေ့ မင်းမွေးနေ့မလား…”

ခြံဝင်းအလည်အိမ်ရှေ့ ကွတ်ပျစ်တွင် ထမင်းလက်ဆုံစားနေကြရင်း ပြောလာသည့်စကားသံကြောင့် ချီယွမ်ထိုရှောင်ကျူး၏မိခင်အားကြည့်လိုက်မိသည်။ သို့သော် ရှောင်ကျုးကပင် ကြားဝင်ကာဖြေလေ၏။

The Deal With A Demon King Where stories live. Discover now