Zawgyi
" ယွင်းရန်............ ကျွန်တော်........ ခင်ဗျားကို......... ချစ်တယ်...."
တုန်ယင်ကာ ယိုင်နဲ့နေတဲ့ ကိုယ်ခန္တာကို အစွမ်းကုန်လှုပ်ရှားစေပြီးတဲ့နောက် ခပ်တိုးတိုးအသံလေးနှင့်အတူ နျူးသည် ကောင်းကင်ဘုံအစွန်းရှိ အသူရာချောက်နက်ထဲသို့ ခုန်ချခဲ့လေတော့သည်။
...............................................................
နှစ်ပေါင်းတစ်ထောင်ခန့်ကြာပြီးနောက်
"ယွမ်လေး......ယွမ်လေးရေ..."
"လာပြီ..... မေမေ...."
မိခင်၏ခေါ်သံကြောင့် သစ်ပင်ကွယ်နေသော နေရာတစ်ခုမှ ၅နှစ်အရွယ်ခန့်ကလေးလေးတယောက် ထွက်ပေါ်လာသည်။ ခရီးတထောင့်နားချိန်တွင် တခြားတနေရာသို့သွားကာ ဆော့လာသော သားဖြစ်သူအား ကြည့်၍ သူမပြုံးရယ်နေမိသည်။ သို့သော် မိခင်ပီပီသူမ ထိုကလေးအားဆုံးမရပေအုန်းမည်။
ကလေး၏ချုပ်ရိုး၊ အဖာရာတို့နှင့်
ပြည့်နေသော အင်္ကျီအား အသာဖုန်ခါပေးလိုက်ပြီး"အမေတို့နဲ့ အဝေးကြီးမှာမဆော့ရဘူးလေ
သားကိုရှာမတွေ့တော့ရင် ဘယ်လိုလုပ်မလဲ......ပြော။"ထိုကလေးလေးသည် သူမအားမျက်လုံးများပိတ်သွားသည်အထိ ရယ်ပြလိုက်ရင်း
"ဟီးဟီး သားအဝေးကြီးမသွားပါဘူး...."
"ဒီနေရာနဲ့ တမိုင်အကျော်လောက်မှာတော့ ဘုံကျောင်းပျက်တစ်ခုရှိတယ်။ မိုးကလည်းမှောင်နေပြီဆိုတော့ ဒီညအဲ့ဒီမှာပဲ နေလိုက်ပြီး
မနက်ကြမှ မြို့တော်ကို သွားကြတာပေါ့။""အင်း၊ ကောင်းသားပဲ ယောက်ျား။"
သူမက အနားသို့ရောက်လာပြီး ပြောပြနေသော ယောက်ျားဖြစ်သူ၏ဆုံးဖြတ်ချက်အား လိုက်နာလိုက်သည်။ ထို့နောက် ကလေးဖြစ်သူဘက်အား
လှည့်လိုက်ပြီး"ယွမ်လေး....ဗိုက်ဆာနေပြီလား။."
မိခင်ဆီမှ ထိုမေးခွန်းရသည်နှင့် ကလေးဖြစ်သူက ဝမ်းသာအားရအော်ပြောလေသည်။
"အွန်း....ပေါက်စီ...ပေါက်စီ......"
ဖခင်ဖြစ်သူက ထိုကလေးရှေ့ ကိုယ်ကိုအသာကုန်းလိုက်ပြီး ရယ်လျက်ပြောသည်။
YOU ARE READING
The Deal With A Demon King
Spiritualမိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ့အတွက် ကံတရားကသတ်မှတ်ထားပြီးသားလား......