Part 17

1.4K 182 23
                                    

" ဒီနားတဝိုက်ပဲလို့ ငါထင်တာပဲ..အာ....တွေ့ပြီ။"

ယွင်းရန်က သူ၏ရှေ့တည့်တည့်တွင်ရှိနေသော မက်မွန်တောကြီးကိုကြည့်လိုက်ရင်းပြောလေ၏။

ယမန်နေ့ကဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကြောင့် ကောင်းကင်ဘုံနှင့် ငရဲမင်းတို့ကအဓိကဦးဆောင်ကာ သုံးလောကအစည်းအဝေးတစ်ခုဖြစ်ပေါ်လာစေသည်။ ယွင်းရန်သည်လည်း မဖြစ်မနေ ထိုပွဲကိုတတ်ရမည်ဖြစ်၏။ သုံးလောကသည် ငြိမ်းချမ်းသော အချိန်ကာလတွင်ရောက်ရှိနေခြင်းဖြစ်သည်။ မိမိကိုယ်ပိုင်နယ်မြေကိုသာ အုပ်ချုပ်သော စနစ်ဖြင့်ပင် နေထိုင်လာကြသည်။

ယွင်းရန်က အချို့သောဆွေးနွေးတိုင်ပင်မှုများကို ပြုလုပ်ပြီးတဲ့နောက် လောင်ရဲ့ရှိရာ မက်မွန်တောဆီသို့ရောက်လာခြင်းဖြစ်သည်။ ပုံမှန်တော့ ကောင်းကင်ဘုံတွင် သူကြာကြာနေချင်စိတ်မရှိချေ။ ယခုတော့ ထိုနေ့ကနတ်သူငယ်လေးပြောသော စာအုပ်အားလာယူရန်အတွက် ရောက်လာခဲ့ခြင်းဖြစ်သည်။

" လောင်ရဲ့....လောင်..."

ယွင်းရန်တယောက် မက်မွန်တောထဲသို့ဝင်လာပြီးနောက် လောင်ရဲ့၏အဆောင်ရှိမျက်နှာစာတွင် သူ့အားကျောပေးကာ ဒူးထောက်နေပုံရသော ဖြူလွလွအရာလေးတစ်ခုအားတွေ့လိုက်ရသည်။

"အားရိုး.....ညောင်းလိုက်တာ...ညောင်းလိုက်တာနော်... လောင်ရဲ့....လောင်ရဲ့ရေ....ညောင်းတယ်လို့..."

"ဒီအသံက..."

ဒူးထောက်နေသော ထိုကောင်လေးကသူ၏ပေါင်ကိုတဖက်စီ ခပ်ဖွဖွထုနေရင်း အော်ဟစ်နေသည်။ ထိုအသံကလည်း တမင်ကိုပင် အထဲရှိလူအားအပြင်သို့ထွက်လာကာ သူ့အားညှာတာပေးရန် ပြောနေသည့်အသံမျိုး။ ယွင်းရန်က အနည်းငယ်ပြုံးလိုက်ပြီး ထိုကောင်လေးအနားသို့သွားရန်ပြင်လိုက်သည်။

သို့သော်လည်း လောင်ရဲ့၏အဆောင်ထဲမှ ချက်ချင်းဆိုသလိုပင် လူအိုကြီးတစ်ယောက်ထွက်ကာလာလေ၏။

" နျူး...အခုချက်ချင်း အဲ့လက်နှစ်ဖက်ကိုပါပြန်မြှောက်လိုက်စမ်း။ မင်းကို ဘယ်သူက လက်အောက်ချခိုင်းလို့လဲ "

လေသံခပ်မာမာဖြင့် ပြောလိုက်သောကြောင့် နျူး၏ကိုယ်ခန္တာကအနည်းငယ် တုန်တတ်သွားပြီး သူ၏ပေါင်ကိုထုနေသောလက်နှစ်ဖက်ကို ချက်ချင်းပင်မိုးပေါ်သို့ မြှောက်လိုက်၏။ ပြီးနောက် သူက ခပ်ဟဟဆိုသည်။

The Deal With A Demon King Where stories live. Discover now