Part 34

463 61 2
                                    

Unicode Ver

ယွင်းရန်က သွေးနံ့ကိုခံစားမိလိုက်သည်နှင့် ရွမ့်ဟွာဆီမှ ထွက်လာခဲ့လိုက်သည်။ နန်းတော်ကြီးတစ်ခုလုံးကို အုပ်မိုးကာ ကာရံထားသော အကာအရံကြီး၏ပတ်ပတ်လည်တွင်တော့ သွေးဆာလောင်နေပုံရသော အဆင့်နိမ့် မကောင်းဆိုးဝါးနှင့် မိစ္ဆာများကို တွေ့နေရပြီး ၎င်းတို့က ထိုအကာအရံကြီးကို ထိုးဖောက်နိုင်ရန် ပိုးဖလံမီးတောတိုးသလို အတင်းဝင်တိုးနေကြသည်။ သာမန်လူသားတို့ မမြင်ရနိုင်သည့်တိုင်အောင် ၎င်းတို့သည် ပုရွက်ဆိတ်အုံကဲ့သို့ပင် များပြားစွာ ငတ်မွတ်ဆာလောင်နေကြသည်။ ထိုသို့ဖြစ်ရသည့်ဖြစ်စဉ်သည်လည်း သေချာပေါက်ချီယွမ်ကြောင့်သာ။ သိူ့ရာတွင်လည်း မည်သို့ပင် အင်အားများစေကာမူ ထိုအရာများသည် အကာအရံကို ထိုးဖောက်နိုင်လိမ့်မည်မဟုတ်ချေ။

ယွင်းရန်က နန်းတော်ထဲသိူ့ ကိုယ်ဖော့ကာလာခဲ့ပြီး သူ၏ခန်းမဆောင်အလည်တွင် ရပ်နေသော ချီယွမ်ကို တွေ့သည်နှင့် ချီယွမ်နှင့် မလှမ်းမကမ်းတွင် ရပ်လိုက်သည်။ သွေးတတောက်တောက် ကျဆင်းနေသော ချီယွမ်၏လက်ကောက်ဝတ်ကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိ၏။

“ ဘယ်လိုဖြစ်တာလဲ! “

မိမိကိုယ်ကို ဒဏ်ရာရအောင် လုပ်ထားပူံရမှန်းသိလိုက်တာမို့ ယွင်းရန်မှာ တွေးမရဖြစ်နေသည်။ သူက အနည်းငယ်တော့စိုးရိမ်သွားသည်​့အမူအရာမို့ ရှေ့သိူ့ခြေလှမ်းလှမ်းကာ သူ၏လက်တဖက်ကလည်း ချီယွမ်ဆီသို့ လှမ်းရန်ပြင်လိုက်စဉ်မှာပဲ ချီယွမ်က ပြတ်ရှထားသော သူ၏လက်ကောက်ဝတ်ကို သူ၏ကျောဘက်သို့ ပို့လိုက်လေသည်။

“ အနားကို တိုးမလာနဲ့”

ချီယွမ်က ဓားကိုင်ထားသော ကျန်လက်တဖက်ကိုတော့ ယွင်းရန်ဘက်သို့ မြှောက်လိုက်ရင်း

“ ခင်ဗျား… ..ခင်ဗျားက …ကျုပ်မိဘတွေကို သတ်ခဲ့တဲ့ မိစ္ဆာလား..ကျုပ်ကိုအမှတ်အသားပေးခဲ့တာရော…ပြီးတော့ စာချုပ်က…ကျုပ်ကိုသတ်ဖို့ဆိုတာ…. ။”

ဓား၏ထိပ်ချွန်က ယွင်းရန်၏မျက်နှာနှင့် တပေအကွာလောက်တွင် ရှိနေခဲ့သည်။ ချီယွမ်၏ အနည်းငယ်တုန်ရီနေသောအသံဖြင့်မေးလာသော မေးခွန်းတွေကို ယွင်းရန်ကြားလိုက်သည်နှင့် သူ၏အမူအရာက ပြောင်းလဲသွား၏။ ယွင်းရန်က သူ၏ယခင်နေရာတွင်ပဲ ရပ်တန့်လိုက်သည်။ အတော်ကြာသည်အထိ ချီယွမ်ကို ကြည့်နေမိပြီးမှ သူ့ခေါင်းကိုငုံ့လိူက်ပြီး ခပ်ဟဟရယ်မိ၏။

The Deal With A Demon King Donde viven las historias. Descúbrelo ahora