"မင်းတို့ သခင်လေးအကြောင်းကိုကြားဖူးမှာပေါ့
တကယ်ရော လုပ်နိုင်မှာလား...."ရှောင်ကျူးက ခေါင်းတညိမ့်ညိမ့်ဖြင့်
ဖြေနေသည်။"ဟုတ်..လုပ်နိုင်တယ်...လုပ်နိုင်တယ်..."
ချီယွမ်ကမူ ရေှာင်ကျူးဘေးတွင်
ဂရုမစိုက်ဟန်ရပ်နေသည်။ထိုအိမ်တော်မှ အလုပ်သမားတယောက်ကသူတို့အား သေချာအကဲခတ်နေသည်။သူတို့အနေနှင့်လည်း အလုပ်သမားမှာအတော်လိုအပ်နေသောကြောင့်
ဤနှစ်ကောင်အား လက်ခံရန်သာဆုံးဖြတ်လိုက်ရသည်။"ဒါဆို ဒီနေ့ကစပြီးလုပ်တော့...."
ထိုအလုပ်သမားက ချီယွမ် တို့အား သစ်သားပြားတွင် အမည်ထွင့်းထားသော
အလုပ်သမား ကဒ်နှစ်ခုကိုကမ်းပေးလိုက်သည်။ရှောင်ကျူးက အမြန်လှမ်းယူလိုက်ရင်း
ပြုံးလျက်ပင်"ကျေးဇူးပါ ကျွန်တော်တို့ ကြိုးစားပါ့မယ်... "
ထို့နောက် ရေှာင်ကျူးက ချီယွမ်အား
အမြန်ပင်ဆွဲခေါ်ကာ
အိမ်တော်အတွင်းဝင်လာတော့သည်။............................
သူတို့အိမ်တော်အတွင်း အလုပ်လုပ်နေကြသည်မှာနှစ်ရက်လောက်တော့ရှိနေပြီဖြစ်သည်။
ယခုအချိန်ထိတော့ အမတ်ကြီးကျူ၏သားအား
သူတို့မတွေ့ရသေးပေ။ထိုသူသည် အမြဲလိုလို ဆောင်ကြာမြိုင်များတွင်
ပျော်ပါးပြီးအချိန်ကုန်နေတက်သည့်
ဆန်ကုန်မြေလေးဖြစ်သဖြင့်အိမ်ပြန်မအိပ်သည်က မထူးဆန်းပေ။
ဖခင်ဖြစ်သူက ဘုရင်၏
ယုံကြည်ကိုးကွယ်အားထားရသော
အမတ်ကြီးဖြစ်သည့်အလျောက် သားဖြစ်သူကမူ
ဂျုံးဂျုံးကျနေသည်။ဂုဏ်အရှိန်အဝါကြောင့်မည်သူကမျှ
ပြန်ခံပြောရဲသည့်သတ္တိမရှိပေ။
ဆိုးသွမ်းရမ်းကားသည့်သူတယောက်ဖြစ်နေသည်ကို မပြောရဲ၍လွှတ်ထားခဲ့ကြသည်။ချီယွမ်နှင့် ရေှာင်ကျူးက ခြံဝင်းထဲတွင်ရှိသော
ပန်းအိုးများကိုနေရာချနေရင်း
မလှမ်းမကမ်းတွင်ရှိသောနံရံတတိုင်းနားလေးမှ အသံသေးသေးလေးကြောင့်လှည့်ကြည့်လိုက်ကြသည်။
ESTÁS LEYENDO
The Deal With A Demon King
Espiritualမိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ့အတွက် ကံတရားကသတ်မှတ်ထားပြီးသားလား......