Part 25

738 84 4
                                    

Art Galleryထဲမှာ ဝန်ထမ်းများက ပြေးလွှားနေကြသလို ပြခန်းမှူးပေါက်စ ဂျွန်မြောင်မှာလည်း ဟိုပြေး ဒီပြေးနှင့် အလုပ်ရှုပ်နေပါတော့သည်။

တစ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်တွင် ရီရှင်းက ဂျွန်မြောင်အတွက် Galleryတစ်ခုဖွင့်ပေးခဲ့တာဖြစ်သည်။

ပန်းချီကားက တော်တော်စုံလင်ပြီး တစ်ချို့ ရှားပါးလက်ရာများပါ ပါဝင်သည်။ နာမည်ကြီးပန်းချီဆရာကြီးများ၏ လက်ရာများသာမက နာမည်မရှ်ိသေးသည့် ပန်းချီဆရာပေါက်စများ၏ လက်ရာများပါ ပါဝင်သည်။

နာမည်မရှိသေးတဲ့လူတွေရဲ့ လက်ရာမို့ တန်ဖိုးနည်းတယ်လို့ မသတ်မှတ်နိုင်ဘူး
တန်ဖိုးဆိုတာ ကိုယ်ကသတ်မှတ်တာပဲ
ကိုယ်တန်ဖိုးထားရင် ထားသလို တန်ဖိုးကလည်း မြင့်လာမှာပဲ

လွန်ခဲ့သောနှစ်က ဂျွန်မြောင်ပြောခဲ့သော စကားပင်။ ရှယ်ယာရှင်တစ်ချို့က သာမန်ပန်းချီကားများကို ဝယ်ယူပြီး Galleryမှာ စုစည်းထားခြင်းကို ကန့်ကွက်ခဲ့ကြသည်။

ထိုလူများအံ့ဩရသည်အထိ ဂျွန်မြောင်Galleryက ရောင်းရငွေက များပြားခဲ့သည်။

သို့သော် ခရီးက ပြန်လာပြီးကတည်းက ပြခန်းကို ပိတ်ထားခြင်းဖြစ်သည်။

ရီရှင်းလည်း ပြခန်းကို မလာစေရ။

"ဟယ်လို ကိုကို ကျွန်တော်ပြခန်းမှာ "

" နားလို့ရတုံးမနားဘူးကွာ "

" အိမ်မှာလည်းနားနေရတာပဲကို "

" ဘာလုပ်နေတာမို့ ကိုယ်တောင်အထဲလာလို့မရတာလဲ "

" ဖြေးဖြေးပေါ့ အဲ့အဖိုးကြီးဟာ စိတ်ကိုမရှည်ဘူး ဟွန်း "

ဟွန့်လဲမဟုတ်ဘဲ သံရှည်ဆွဲပြောလာသည့် ယောက်ျားကို ကိုက်ဆွဲပစ်ချင်လာသည်။

Reason Is YouWhere stories live. Discover now