ဂျွန်မြောင်သတိရလာတော့ တစ်ကိုယ်လုံးဒါဏ်ရာတွေနဲ့မို့ လှုပ်ပင်မလှုပ်နိုင်။
ရာသီဥတုက အေးသထက်အေးလာသလောက် အခန်းအပူအချိန်ကလဲ မြန်မြန်ကျလာရသည်။ကုတင်ပေါ်တွင် လက်နှစ်ဖက်ဖြင့် ဒူးနှစ်ဖက်ကို ပိုက်ထားရသည်။
လဲသွားချိန်က ကုတင်စောင်းနှင့်ထိသွားသော နဖူးစောင်းက တစစ်စစ်နှင့် ထိုးကိုက်လာသည်။ခေါင်းတို့ကမူးဝေပြီး မျက်လုံးတို့ကလဲ မဖွင့်နိုင်။ ထိုအချိန်တွင် နေ့လည်က သူ့ကို ကန်ကျောက်ခဲ့သည့်သူမဟုတ်ဘဲ လူကောင်ထွားထွား မျက်နှာကြမ်းကြမ်းနှင့်တစ်ယောက်က ဝင်လာတော့သည်။
" စားလိုက် "
ကုတင်ပေါ်ကို ဘူးတစ်ဘူးပစ်ချလိုက်ရင်း ပြောလာသည်။ ဂျွန်မြောင်လှည့်မကြည့်ပါသော်လည်း ထိုသူက စိုက်ကြည့်နေသည်ကို သိသည်မို့ သတိမလွတ်ရဲ။ခနအကြာ ကုတင်ဘေးတွေ ဝင်ထိုင်ရင်း
" မင်းက ချစ်စရာကောင်းသားပဲ ဒါကြောင့်လဲ ကျန်းရီရှင်းလိုကောင်က ရအောင်ယူတာပဲ "
" ခင်ဗျား ကိစ္စလား "
" အိုင်းယားး မမလေးက ငါ့ကို ခွင့်ပြုပေးထားတယ် အရသာရှိမဲ့ မုန့်လေးကိုစားဖို့လေ "
" ခွပ်!!!"
နှာခေါင်းကို ခေါင်းနှင့်လှမ်းတိုက်လိုက်ရင်း ပြေးထွက်လာခဲ့သည်။
" ဗျိ !!"
အင်္ကျီတစ်ခြမ်းဟာ ထိုသူလက်ထဲမှာ။
နာကျင်နေသော ခန္ဓာကို လစ်လျူရှုပြီး ဂျွန်မြောင်ပြေးနေပါသော်လည်း လူကောင်ပိုထွားသော ထိုလူ၏ ကိုင်မြောက်ခြင်းခံလိုက်ရသည်။
" လွှတ်စမ်း !!! "
" ငါ့ကိုများ သွေးထွက်အောင်လုပ်ရဲတယ်ပေါ့ မင်းဘဝလဲစုတ်ပြတ်သွားစေရမယ် "
YOU ARE READING
Reason Is You
Fanfictionတစ်ခါမှ မရေးဖူးပဲ စရေးကြည့်တာမို့ ဝေဖန်ပေးရင် ကောင်းမှာပါပဲ