တင်းကြပ်နေသည့် ခံစားချက်တစ်ခုနှင့်အတူ ဂျွန်မြောင်နိုးလာရသည်။
ခေါင်းတွေမူးနေသည်ကြောင့် မနေ့ကိစ္စတော်တောာ်များများကို ဖြေးဖြေးချင်းပြန်တွေးနေရသည်။
မနေ့က...
မနေ့က ...*ဟန်မြစ်ကနေပြန်လာတယ် ပြီးတော့ ညစာစား ဝိုင်သောက် ပြီး ပြီးတော့ *
မှိတ်ထားသောမျက်လုံးတို့သည် ပြုတ်ကျမတတ်ပြူးသွားရသည်။
*မနေ့က Xing Ge နဲ့ ဟိုဟာ ဖြစ် ဖြစ်ခဲ့တာလား *
အ!!!
ခန္ဓာကိုယ်ကို အသာလှုပ်လိုက်တော့ ခါးအောက်ပိုင်းတစ်ခုလုံးက အတော်လေးနာကျင်နေသည်မို့ ဂျွန်မြောင်အသံထွက်သွားသည်။
ခါးပေါ်မှ လက်တို့က တင်းကျပ်သွားသည်နှင့်အတူ
"မွ... မောနင်း ဘေဘီ အစောကြီးနိုးနေတာပဲ "
" မ မစောတော့ပါဘူး "
"နာနေသေးတယ်မလား ဘေဘီ"
" ကျွန်တော်က ဘာလို့ နာ..."
" ရှက်နေတာလား ကလေးလေးက မွ "
" အဲ ကျောင်းနောက်ကျတော့မယ် "
" ခွင့်တိုင်ပေးထားတယ် နားလိုက်အုံး ဒီပုံနဲ့စာသင်ခန်းဘယ်လိုထိုင်မှာလဲ "
ပြောရင်းဆိုရင်း ပို၍ဆွဲဖက်လိုက်သည်ကြောင့် ဂျွန်မြောင်ကိုယ်လေးကျုံ့သွားရသည်။ ရုတ်တရက် ဂုတ်သားပေါ်သို့ နွေးအိအိအနမ်းတစ်ချက်နှင့်အတူ ခါးနောက်မှာ အရိုင်းဆန်သည့် ထိကပ်မှုတစ်ခုကြောင့် ဂျွန်မြောင်မျက်လုံးပြူးသွားရသည်။
* ခါးနောက်က ဘာ ဘာကြီးးးး မဟုတ်မှ အဲ့ အဲ့ဒါလို့ မပြောနဲ့နော် *
"အားးးးး ဖယ် ဖယ် အ!!!!"
ဖက်ထားရာမှ ရုန်းထွက်ပြီး မတ်တပ်ရပ်လိုက်သည်နှင့် ခါးမှစူးအောင့်သွားရကာ ခြေထောက်တို့က ခွေယိုင်ကုန်သည်။
YOU ARE READING
Reason Is You
Fanfictionတစ်ခါမှ မရေးဖူးပဲ စရေးကြည့်တာမို့ ဝေဖန်ပေးရင် ကောင်းမှာပါပဲ