အိပ်နေသောကောင်လေး မနိုးအောင် ကုတင်ပေါ်သို့ အသာချပေးလိုက်တော့
အင့်ခနဲ အသံတစ်ချက်ထွက်လာသည်။မရည်ရွယ်ပါပဲ လက်တို့က ကျောပြင်ကိုအသာပုတ်ပေးရင်း ပါးစပ်ကလဲ တကျွတ်ကျွတ်ဖြင့်...
ထိုမြင်ကွင်းကိုမြင်လိုက်သော ကင်ဂျောင်ဒေးတစ်ယောက် ကိုယ့်လက်ကိုပြန်ဆွဲဆိတ်လိုက်မိသည်။
နေပါအုံး ငါအခုအလုပ်များလွန်းလို့ရူးသွားတာလား ဒါမှမဟုတ် မျက်စိချို့ယွင်းနေပြီလား
ထူးဆန်းတာလားဆို။ ထူးဆန်းတာပေါ့ တစ်သက်လုံး သူမြင်ဖူးသည့် ရီရှင်းက ဘယ်နေရာများနူးညံ့လို့လဲ ဘယ်တုန်းကများ တစ်စုံတစ်ယောက်ကို ဂရုစိုက်တတ်လို့လဲ။
ရီရှင်းကသူ့ကိုမြင်သွားပြီး နှုတ်ခမ်းပေါ်လက်ညှိုးကို ကန့်လန့်တင်ပြသည်။
ပြောချင်တာက တိတ်တိတ်နေဖို့ပေါ့။အခန်းတံခါးကိုအသာပိတ်နေသော ရီရှင်းကို စိတ်မရှည်စွာဖြင့်
အဲ့ကလေးကဘယ်သူလဲ
ကင်ဂျွန်မြောင်
ဘာလို့ခေါ်ထားတာလဲမင်းက
သူ့အကြောင်းစုံစမ်းပေး တစ်နာရီအတွင်းသိချင်တယ်
ဟမ်
အကုန်သိချင်တယ်
နေပါအုံး ဘာလို့လဲ
လက်စားချေဖို့လိုတာလားအဖိုးဆီဖုန်းဆက်ရအုံးမယ်
ဖြောင်း
မေးတာတခြားဖြေတာတခြားလုပ်နေသော ရီရှင်းကို နားရင်းတစ်ချက်အုပ်ချလိုက်ပြီး
ဒီ×××× ငါမေးတာလဲဖြေအုံးဟ
ကြိုက်လို့ သဘောကျသွားလို့ ရပြီလား
သွား စုံစမ်းပေးတော့။နေပါအုံး သူအခုဘာကိုကြားလိုက်တာလဲ ရီရှင်းပါးစပ်ကအခု တစ်ယောက်ယောက်ကိုကြိုက်တယ်လို့ ပြောလိုက်တယ် ဘုရားရေ
YOU ARE READING
Reason Is You
Fanfictionတစ်ခါမှ မရေးဖူးပဲ စရေးကြည့်တာမို့ ဝေဖန်ပေးရင် ကောင်းမှာပါပဲ