ရုတ်တရက် ဓာတ်လှေကားတွင်းသို့ ဆွဲခေါ်ခံလိုက်ရသူ ဂျွန်မြောင်က ရီရှင်းရင်ခွင်ထဲသို့ ရောက်လုဆဲဆဲ။
ချောင်းတချက်အသာဟန့်ရင်း ရင်ခွင်ထဲမှခွာသွားသောကောင်လေးက sorryဟု ခပ်တိုးတိုးဆိုလာသည်။ ဆံပင်အုပ်အုပ်လေးအောက်မှ နားရွက်ဖျားနီနီသည် မြတ်နိုးစရာအတိ။
ကိုရီးယားသို့ချက်ချင်းလိုက်လာမည်ဟူသော အဖိုးဆီမှ စာတစ်စောင်အပြင်
စကားမလွန်စေနှင့်ဟူသော ရာဇသံတစ်ခုပင် အဆစ်ရီရှင်းရလိုက်သည်။စာအိတ်ထဲ ဂျွန်မြောင့်အချက်အလက်တချို့ကို ရီရှင်းကြည့်ရင်းမှ ဆေးရုံမှဆင်းမည့်အကြောင်းကြားကြားချင်း အပြေးလာခဲ့ချင်းဖြစ်သည်။ မကြာခင်မှတွေ့ ကလေးတစ်ယောက်အပေါ် ကာကွယ်ပေးချင်စိတ်တို့ပြည့်နေချင်းကို ရီရှင်းသေချာမသိ သိဖို့ပါမကြိုးစားမိ။
ဟို အပြင်မထွက်ဘူးလား
ဘယ်လောက်ကြာကြာတွေးမိနေလဲမသိ။ ချာတိတ်ဆီမှ အသံထွက်လာတော့မှ သတိဝင်လာရသည်။
ဆောရီး ကိုယ်အတွေးလွန်သွားတယ် လာ
အပြင်ဘက်ထွက်လိုက်တော့ ကားအနက်ရောင်တစ်စီးက အဆင်သင့် ရပ်ထားပြီး ဘေးနားမှ လူတစ်ဦးက ကားသော့ကမ်းလိုက်သည်။
ဂျွန်မြောင်ကို သေချာတံခါးဖွင့်ပေးရုံမက ခေါင်းထိမည်စိုး၍ လက်ဖြင့်ခေါင်းကိုအသာကာပေးလိုက်သေးသည်။ airconကို ခပ်နွေးနွေးဖြစ်အောင်ချိန်ဆပေးရင် အဆင်ပြေရဲ့လားဟုလဲ တစ်ဖွဖွမေးနေသည်။ ပထမဆုံးအကြိမ်အဖြစ် သူစိမ်းတစ်ဦးဆီမှ ဂရုစိုက်ခံရခြင်းပင်။
ကျေးဇူးတင်ပါတယ် Xing Ge
ဟင် ဘာကိုလဲ
အိမ်လိုက်ပို့ပေးလို့
ကျေးဇူးကအများကြီးတင်တာလား နဲနဲလေးလား
YOU ARE READING
Reason Is You
Fanfictionတစ်ခါမှ မရေးဖူးပဲ စရေးကြည့်တာမို့ ဝေဖန်ပေးရင် ကောင်းမှာပါပဲ