ဂျွန်မြောင် ပြန်ပေးဆွဲခံရပြီး 12နာရီ အကြာ.....။
ခေါင်းတွေမူးနောက်နေသလို လက်တွေခြေတွေပါ အတုတ်ခံထားရသောကြောင့် မလှုပ်နိုင်။
အခန်းထဲကို ဝေ့ကြည့်လိုက်တော့ ပြတင်းပေါက်သေးသေးလေးရှိပြီး သံတိုင်များဖြင့် ပိတ်ထားသည်။ စားပွဲတစ်လုံး ထိုင်ခုံတစ်ခုနှင့် အခန်းထောင့်မှ CCTVတစ်လုံး
" ဒီမှာ ဒီမှာ !!! ခင်ဗျားတို့ ကြည့်နေတာသိတယ် ယောက်ျားဖြစ်ပြီး နောက်ကနေ တိုက်စရာလား ဟမ် !!!!
သတ္တိမရှိဘူးလား!!!!"
ပြန်ဖြေသူရှိလိမ့်မည်မထင်သော်လည်းသူကြားဖူးသော အသံတစ်ခုက နားထဲဝင်လာခဲ့သည်။
" အိုး ကြောက်လိုက်တာ ဘယ်ပုန်းရမလဲ ခစ်ခစ် ကျန်းဂျွန်မြောင် မတွေ့တာကြာပြီနော် "
" ဘယ်သူလဲခင်ဗျား "
" အိုး တို့ကို ဒီလောက်လွယ်လွယ်မေ့လိုက်တယ်လား အဟင်းဟင်း ချင်မန့်ဟွာလေ ခစ်ခစ် "
" ဘာလို့လဲခင်ဗျား ရူးနေလား "
" ကျန်းရီရှင်းရဲ့ယောက်ျားဖြစ်နေလို့လေ မင်းသာပေါ်မလာရင် ရီရှင်းက တို့ကိုလက်ထပ်မှာ မင်းကြောင့် "
" လွှတ်ပေး ရဲကိုလဲမတိုင်မှာမို့ လွှတ်ပေး "
" မင်းသာမရှိတော့ရင် ကျန်းရီရှင်းကို ပြန်ယူနိုင်မှာ.....ပြောစမ်းပါ ဘယ်လိုနည်းလမ်းတွေသုံးပြီး ဖျားယောင်းခဲ့လဲ ဟမ် "
" ဒီလူကိုမရရင် သေပါလိမ့်မယ်ဆိုပြီး ဇွတ်အတင်းလက်ထပ်ခဲ့တာ ကျန်းရီရှင်းက အဲ့တာကြောင့် ကျွန်တော်မရှိရင်လဲ ခင်ဗျားကို လက်ထပ်မယ်လို့ စိတ်ကူးထဲတောင် အထင်မမှားနဲ့ "
YOU ARE READING
Reason Is You
Fanfictionတစ်ခါမှ မရေးဖူးပဲ စရေးကြည့်တာမို့ ဝေဖန်ပေးရင် ကောင်းမှာပါပဲ