ခန်းမတစ်ခုလုံးက အဖြူနှင့်ပန်းရောင် ပန်းများဖြင့်ပြည့်နှက်နေသည်။ အနောက်တိုင်းဝတ်စုံအပြည့်နှင့် ဂျွန်မြောင်က ခန်းမရှေ့မှာရပ်ကာ ဧည့်သည်တို့ကို ကြိုဆိုနေသည်။ နဖူးပေါ်ခပ်အုပ်အုပ်ချထားတတ်သော ဆံပင်တို့ကို လှန်တင်ထားတာမို့ နဖူးပြင်ကထင်ထင်ရှားရှား။ အမျိုးသမီးတစ်ချို့က သိသိသာသာရော မသိမသာပါ သူ့ယောက်ျားလေးကို မျက်စိအစာကျွေးနေကြသည်မို့ ရီရှင်းခပ်မြန်မြန်ပင် အနားသို့ကပ်သွားလိုက်သည်။
ကြည့်နေကြသော အမျိုးသမီးတစ်ချို့က ခပ်စူးစူးအကြည့်ခံလိုက်တာကြောင့် အကြည့်လွှဲသွားကြပေမယ့် ရဲတင်းကြသူများကတော့ ဆက်၍ ကြည့်နေဆဲ။
" ဘေဘီ မွ "
ခါးကို လက်တစ်ဖက်နဲ့သိမ်းဖက်လိုက်ရင်း နှုတ်ခမ်းတို့ကို ထိရုံဖိကပ်လိုက်သည်။
ဘာကြည့်ကြတာလဲ ဂျွန်မြောင်က ငါ့အပိုင် ငါ့ယောက်ျား
ရယ်သံဖွဖွလေးနှင့်အတူ သူ့လက်တစ်ဖက်ကို ဆွဲကိုင်လာသည့်ဘေဘီ။
" ဘာဖြစ်နေတာလဲဗျာ မျက်မှောင်ကြီး ကုတ်မထားပါနဲ့ "
" ဘေဘီ့မမကို သွားတွေ့လေ သွား သွား "
ရယ်သံတိုးတိုးလေးက ချိုချိုလေးထွက်လာတော့ လူတစ်ချို့ကပါလှည့်ကြည့်လာကြသည်။
" သဝန်တိုနေတာပေါ့လေ ဟုတ်လား "
" သိရဲ့သားနဲ့ကွာ "
မျက်ခုံးနှစ်ခုက စုကုတ်ထားလျက်
ဂျွန်မြောင်ကိုငေးနေကြသော အုပ်စုဖက်ကို အကြည့်စူးစူးများပို့လွှတ်နေသေးသည်။
တကယ်က သူ့ကိုသဘောကျနေကြတာကို သတိမထားမိဘူးလားမသိ။" မမ "
ဂါဝန်ဖြူဖြူနှင့်မမက ပန်းဖြူဖြူလေးတစ်ပွင့်လို။
" မမကို အခုလိုမြင်ရတော့ နှမြောလာလိုက်တာ "
" ကောင်စုတ်လေး မမလည်း မိသားစုတစ်ခုထူထောင်သင့်ပြီလေ "
" မမ သေချာပေါက်ပျော်ရမယ်နော် ယောက်ဖက အနိုင်ကျင့်ရင် ကျွန်တော့ကိုပြော သိလား "
YOU ARE READING
Reason Is You
Fanfictionတစ်ခါမှ မရေးဖူးပဲ စရေးကြည့်တာမို့ ဝေဖန်ပေးရင် ကောင်းမှာပါပဲ