Part 30 Final

935 87 5
                                    

ရီရှင်းကားကို နေရာတကျရပ်လိုက်ပြီး အိမ်ထဲသို့ခပ်သွက်သွက်ဝင်လာလိုက်သည်။ Clientက တော်တော်ရစ်နေသည်မို့ ပြေလည်အောင် သေချာဖြေရှင်းလိုက်ရသည်။
ရီရှင်းမဖြေရှင်းနိုင်တာဆိုလို့ ဂျွန်မြောင်ကို ဘာလို့ ချစ်သွားရလဲ ဆိုသည့်ပုစ္ဆာပင်

ဒါပေမဲ့ တစ်ချို့ပုစ္ဆာတွေက မဖြေရှင်းပဲ ရှုပ်နေတာကို ပိုသဘောကျသည်။ ဘာလို့ပဲချစ်ချစ် အဓိက ချစ်နေဖို့ပါပဲ။

TVကို ဖွင့်လျက်သားနှင့် ဆိုဖာရှည်ပေါ်မှာ ကွေးကွေးလေး အိပ်ပျော်နေသည်။ ကြည့်ရတာ မင်္ဂလာပွဲမှာ ပင်ပန်းလို့ဖြစ်မည်။ တစ်နေ့လည်လုံး ပွဲထဲမှာ ဟိုပြေးဒီပြေးနဲ့ ဘာမှမလပ်ဟင်းစေရ။

" အဲ အကိုလေးပြန်လာပြီ ဂျွန်မြောင်လေးက စောင့်ရင်းအိပ်ပျော်နေတာလား "

" ဟုတ်မယ် အဒေါ်ကြီး အဖေရော "

" သူဌေးက ဒီနေ့နည်းနည်းပင်ပန်းနေလို့ ညစာစားပြီး အနားယူနေပါတယ်  ဟို ထမင်းပြင်ပေးရတော့မလား "

" အာ နေပါစေ ကျွန်တော်ဗိုက်မဆာပါဘူး "

ပါးစပ်ကပြောရင်း လက်ကလည်း ဂျွန်မြောင်ကို အသာပွေ့သည်။

ဘေဘီက ပေါ့လိုက်တာကွာ တိုင်းရင်းဆေးဖြစ်ဖြစ်စီစဉ်မှပါ။

ဘယ်လောက်တောင်အိပ်ချင်နေလဲမသိ။ အခန်းထဲရောက်ပြီး ကုတင်ပေါ်အသာတင်ပေးလိုက်သည်အထိ အသံမထွက်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ စောင်သေချာခြုံပေးရင်း နဖူးလေးကို အသာငုံ့နမ်းလိုက်သည်။
အနည်းငယ်လူးလွန့်လာပေမဲ့ မနိုးလာ။

ငြီးစီစီဖြစ်နေတာမို့ ရေချိုးရန် တဘက်တစ်ထည်ကို ပခုံးပေါ်တင်ရင်း ရေချိုးခန်းထဲသို့ဝင်လာခဲ့သည်။ ရေပန်းကိုသာ ဖွင့်ချလိုက်သည်။ ဇိမ်ပြေနပြေချိုးနေဖို့ရန် သူ့မှာ အချိန်မရှိ။ သူ့ယောက်ျားလေးနားကပ်ချင်လှပြီ။

ခါးမှာသာ တဘက်ကိုဖြစ်သလိုပတ်ရင်းထွက်လာတော့ ဂျွန်မြောင်က ကုတင်ပေါ်မှာ ငုတ်တုတ်လေးထိုင်နေပြီဖြစ်သည်။ အပြည့်အဝမနိုးသေးပုံရသည့်ကောင်လေးက သူ့ကိုငေးကြည့်နေသည်။

Reason Is YouDonde viven las historias. Descúbrelo ahora