ဝန်ထမ်းများက ပိတ်ရက်ရှည်မို့ အသီးသီး နေရပ်ပြန်သူကပြန် ခရီးထွက်သူကထွက်နေပေမယ့် ရီရှင်းတစ်ယောက်ကတော့ အလုပ်စားပွဲမှာ ငုတ်တုတ်...။
ထို့အပြင် အသည်းအသက်လေးနဲ့ဝေးရာမှာ တစ်ယောက်တည်းဖြစ်နေပြန်သေးသည်။
တစ်ပတ်ဆိုသော ခရီးတိုလေးပေမယ့် သူ့ယောက်ျားလေးကို သူဘယ်လောက်လွမ်းနေလဲ သူကိုယ်တိုင်သာ သိသည်..ဖုန်းဆက်လိုက်ချင်ပေမယ့် ဂျွန်မြောင့် အနားယူချိန်ထိခိုက်မှာစိုးတာမို့ မဆက်မိ။
မနက်ဖြန်မနက်ပိုင်း အစည်းအဝေးပြီးတာနဲ့ လေဆိပ်တန်းဆင်းမှာဖြစ်ပေမယ့် အခုချိန်အသည်းလေးကို အရမ်း အရမ်း အရမ်းလွမ်းနေပြီဖြစ်သည်။
Bizz bizz
လင်းလာသည့်ဖုန်းမျက်နှာပြင်ပေါ်မှာ
" ချစ်ရတဲ့ဘေဘီ " သူ့ကိုမှတ်ထားတဲ့ နာမည်မြင်တိုင်း ဘေဘီက အမြဲပွစိပွစိပြောလေ့ရှိပေမယ့် တစ်ဖက်လှည့်ရင်း ခိုးပြုံးစမြဲ။
" ဟယ်လို ဘေဘီ "
" ကိုကို..အားလားဟင် "
အသံလေးကမဝံ့မရဲ...တိုးတိုးလေး..
ဒီလူက ဘေဘီ့အတွက်သာဆို ရှိသမျှအချိန်တွေအကုန်ပေးချင်တယ်ဆိုတာ အခုထိ မသိသေးရော့လား။" အားတာပေါ့ ဘေဘီရဲ့..ဘာပြောချင်လို့လဲ ကလေးလေးရဲ့ "
" အာညီး..ဒီတိုင်း ဖုန်းမဆက်တော့ မအားဘူးလားလို့ "
" ကိုယ်က ဘေဘီအိပ်နေရင် နှိုးမိသွားမှာစိုးလို့ "
" တကယ်ပါပဲ..ဘေဘီက ကိုကိုနဲ့ဖုန်းပြောပြီးမှအိပ်တာကို "
တွေ့လား...တွေ့လား
အိမ်ထောင်သက်ကြာလာတာနဲ့အမျှ သူ့ကိုယ်သူသုံးတဲ့ နာမ်စားလေးကအစ ဘေဘီတဲ့။ချစ်ဖို့ကောင်းအောင်ကွာ ဒီကောင်လေးကတော့...။
" ကိုယ့်အခုပဲ ပြန်လာချင်နေပြီ..လွမ်းလို့ဘေဘီကို "
" မနက်ခါပဲ ပြန်လာတော့မှာကို..အလုပ်ကရော အဆင်ပြေခဲ့လား "
" ဘေဘီ့ယောက်ျားပါကွ မဖြေရှင်းနိုင်တာ ဘာရှိမလဲ "
" အဲ့ယောက်ျားဆိုတာကြီးပဲ ပြောနေ "
YOU ARE READING
Reason Is You
Fanfictionတစ်ခါမှ မရေးဖူးပဲ စရေးကြည့်တာမို့ ဝေဖန်ပေးရင် ကောင်းမှာပါပဲ