At XingEr.....
ဖိုး ကျွန်တော်ရောက်ပါပြီ
ဩ... မင်းဘာတွေလျှောက်လုပ်နေတာလဲ ရီရှင်း
.....
မင်းဒီလိုလုပ်ချင်တိုင်းလုပ်ဖို့ ကိုရီးယားကိုလွှတ်တယ်ထင်လား ဟမ်
ဒီလိုသာဆို...ကျွန်တော်တောင်းဆိုထားတာက လုပ်ပြီးပြီလား မန့်ဟွာနဲ့ကိစ္စကို
မင်းဒီလောက်ထိလုပ်မှဖြစ်မှာလား စိတ်ကစားမဲ့အရွယ်လဲ မဟုတ်တော့ဘူး
ကျွန်တော်ကလဲ စိတ်ကစားတယ်လို့ မပြောမိပါဘူး
ငါပြန်ရင် မင်းပါတခါတည်းလိုက်ခဲ့ရမယ်
ဒီလအတွင်းပဲ
ဟမ်
ဒီတစ်လအတွင်း ဂျွန်မြောင်ကို ကျွန်တော့အပိုင်ဖြစ်စေရမယ်
ခွင့်ပြုပါအုံး အဖိုးဟေ့ကောင် ရီရှင်း ဟေ့
လှည့်မကြည့်ပဲ ထွက်သွားသောကျောပြင်မှ ပြတ်သားမှု အရိပ်အယောင်တွေက ပျံ့လွင့်လျက်....
ခေါင်းတခါခါလုပ်ရင်း
ဝူကျောင်....
ရှိပါတယ်သခင်ကြီး
ချင်အိမ်ကိုဆက်သွယ်ဖို့ပြင်
သေသေချာချာ တောင်းပန်ပြီး စေ့စပ်ပွဲဖျက်သိမ်းတဲ့အကြောင်း အသိပေးလိုက်သခင်ကြီး
အိုင်းယား ယူရမဲ့လူက မယူချင်လို့ ငြင်းသွားပြီလေ ဖျက်ရဖို့ပဲကျန်တာပေါ့
ကောင်းပါပြီသခင်ကြီး
သွားလို့ရပြီ
အာ ဟုတ်သားပဲ ကင်ဂျောင်ဒေးကို ငါ့ဆီလွှတ်လိုက် နာရီဝက်အတွင်းအရောက်လာဖို့ပါမှာလိုက်
ဟုတ်ကဲ့ သခင်ကြီး
လိုချင်တာကိုမရမကယူတတ်သော မြေးဖြစ်သူကို ငယ်ငယ်ကတော့ဖြင့် သဘောအကျကြီးကျခဲ့ရသည်။ တားမရသည့်မြေးကို မထိခိုက်အောင် ကာကွယ်ရန်သာရှိတော့သည်မို့ မြေးဖြစ်သူသဘောကျသည့် ကောင်လေးအကြောင်း အကုန်သိဖို့လိုအပ်သည်ဟု တွေးမိလိုက်သည်။
YOU ARE READING
Reason Is You
Fanfictionတစ်ခါမှ မရေးဖူးပဲ စရေးကြည့်တာမို့ ဝေဖန်ပေးရင် ကောင်းမှာပါပဲ