ရုံးခန်းထဲတွင် စာဖတ်နေရာမှ မျက်စိညောင်းလာသောကြောင့် ပတ်ဝန်းကျင်ကို ထကာစပ်စုတော့သည်။ မကြာဘူးပြောသွားသော်လည်း တစ်နာရီကျော်နေပြီမို့ အနည်းငယ်ပျင်းလာရသည်။
ရုတ်တရက် ရီရှင်းစားပွဲပေါ်မှ ဓာတ်ပုံလေးတစ်ခုကို တွေ့သွားသည့် ဂျွန်မြောင်က သွားကြည့်တော့သည်။မင်္ဂလာဆောင်သည့်နေ့က ရိုက်ထားသည့် ဂျွန်မြောင်ပြုံးသော တစ်ပုံတည်းသော ပုံပင်။ ဘေးကlaptop wallpaperက ဂျွန်မြောင်အိပ်နေသည့်ပုံ။
" ရုပ်ဆိုးလိုက်တာ တခြားခန့်တဲ့ပုံတော့မထားဘူး "
မင်္ဂလာဆောင်ဓာတ်ပုံကို အကြည့်ရောက်သွားပြန်တော့ ဂျွန်မြောင်ပြုံးအောင် ခြိမ်းခြောက်ခဲ့သည့်လူကြီးကို သတိရပြီး မျက်နှာလေးမဲ့သွားရသည်။
" အလကားလူကြီး အမြဲတမ်းလူကို ခြိမ်းခြောက်တယ် စိတ်တိုစရာ "
" ဟေး ယူ ရီရှင်းရော ခုထိပြန်မရောက်သေးဘူးလား "
" အာ အခုထိ meetingဝင်နေ..."
" ယူက ဘယ်သူလဲ အတွင်းရေးမှူးလား "
ဂျွန်မြောင်ကိုယ်ပေါ်သို့ အကြည့်တစ်ချို့ရောက်လာပြီး သူမက စကားဆက်လာသည်။
" ငယ်လိုက်တာ အဝတ်အစားကလဲ အတွင်းရေးမှူးနဲ့မတူဘူး...ထားပါ အဲ့မှာ ဘာရပ်လုပ်နေလဲ ကော်ဖီတစ်ခွက်ယူပေး အချိုမပါဘူး "
" အာ ကျွန်တော်က အတွင်းရေးမှူးမဟုတ်ဘူးဗျ "
" ဘာလုပ်နေတာလဲ ဒီထဲမှာ ဘာလဲ မဟုတ်တာလုပ်ဖို့ကြံနေတာလား "
" ဗျာ "
" ရီရှင်းကို လုံခြုံရေးမြှင့်ခိုင်းမှပဲဖြစ်မယ် "
" အဲ့ဒီဘက်ကရော ဘယ်သူများလဲ "
" ချင်မန့်ဟွာ ရီရှင်းနဲ့စေ့စပ်ထားတဲ့သူ "
YOU ARE READING
Reason Is You
Fanfictionတစ်ခါမှ မရေးဖူးပဲ စရေးကြည့်တာမို့ ဝေဖန်ပေးရင် ကောင်းမှာပါပဲ