Knock Knock...
တံခါးခေါက်သံ နှစ်ချက်ဆင့်၍ ထွက်လာပြီးနောက်...
ဘာသဘောလဲ ဟမ် ခွဲနေချင်တယ်ဆိုတာ အမေ့ကြောင့်လား
ဟင်း တစ်ခုချင်းမေး ဖြေးဖြေးချင်းမေး
ငါဘယ်လောက် အံ့ဩသွားတယ်ထင်လဲ ဘာလို့ခွဲနေမှာလဲ မနေပါနဲ့
မမကလဲကွာ ငါ့အသက်ပဲဘယ်လောက်ရှိပြီလဲ ကျောင်းနဲ့လဲဝေးလို့ပါဟ
ပိတ်ရက်ဆို ပြန်ပြန်လာမယ်လေလိမ်နေတာ
မမရာ
အရင်ကတည်းက ထွက်သွားချင်နေတာ ငါသိတယ်
ဖေဖေတားလို့သာဒါဆို ဖေဖေလက်ခံအောင် နင်ကပဲ ပြောပေးပါလား
ထွက်သွားဖို့ရာ အားသန်နေသော မောင်ငယ်ကြောင့် ဆယ်ဝန်း စိတ်ညစ်လာရသည်။
နည်းနည်းလောက် လေသံမာလိုက်လျှင်ပင် ဝမ်းနည်းတတ်သော ကောင်လေးကို မေမေက ဘယ်တုံးကမှ မျက်နှာသာမပေးခဲ့။
မိဘတွေဆုံးသွားပြီးနောက်ပိုင်းမှ စိတ်ထိခိုက်လွယ်လာသလို အရင်က သွက်လက်သလောက် ငြိမ်ကျသွားသည်။ဦးလေးတို့ဆုံးသွားတော့ ဖေဖေက ငါးနှစ်သားဂျွန်မြောင်ကို လက်ဆွဲပြီး အိမ်ခေါ်လာသည်။
ချစ်ရတဲ့မောင်ဝမ်းကွဲလေးက အိမ်သို့လာနေမည်တဲ့ ။
ဖေဖေရော သူရော ဝမ်းသာနေသလောက် မေမေက ခြေသံပြင်းပြင်းဖြင့် အိမ်ပေါ်တက်သွားသလို အမြဲပြုံးတတ်သည့် ကလေးမျက်နှာကလည်း ငြိုးနေသည်။မမထွက်သွားလောက်မှ ရေချိုးခန်းထဲကနေ ဂျွန်မြောင်ထွက်လာသည်။ နာရီဝက်ခန့် ခြေဗလာနဲ့ ကြွေပြားပေါ်ရပ်နေသည်မို့ ခြေထောက်တို့မှာ အေးစက်လျက်...
အဝတ်အစားလှဲ ခေါင်းဖြီးပြီး အိမ်အောက်သို့ဆင်းလာတော့ အောက်ထပ်မှ
YOU ARE READING
Reason Is You
Fanfictionတစ်ခါမှ မရေးဖူးပဲ စရေးကြည့်တာမို့ ဝေဖန်ပေးရင် ကောင်းမှာပါပဲ