ရီရှင်းစကားသံရပ်သွားသည်နှင့် ဂျွန်မြောင်တစ်ယောက် ခြေထောက်တို့ပါခွေယိုင်လုမတတ်ဖြစ်သွားရသည်။မေမေတဲ့လား...မေမေက
မျက်လုံးထဲမှ မျက်ရည်တွေစီးကျလာပေမဲ့ အသံကအနည်းငယ်မျှပင်ထွက်မလာခဲ့။ ရင်ဘတ်ကို ဖိဆုတ်ကိုင်ထားရင်း နှုတ်ခမ်းကို ဖိကိုက်ထားပေမဲ့ အသံကထွက်မလာ။
" ဘေဘီ ဘေဘီ စိတ်ထိန်းစမ်း ဒီကိုကြည့်စမ်း ကိုကိုပြောတာကြားလား "
ရင်ဘတ်ကို ဖိဆုတ်နေသည့် လက်ဆစ်ကလေးများက နီရဲနေလျက်။
" ကို ကို... "
" ပြောလေ ဘေဘီ ကိုကို့ကိုကြည့်စမ်း ငိုချလိုက် ငို လိုက် "
" အစ် အီးးးးဟီးးးး ကျွန်တော့်ကို ဘာလို့လဲ အီးဟီး "
ရင်ဘတ်ကို ထုရိုက်ပြီးငိုနေသည့် ဂျွန်မြောင့်လက်တို့ကို ရီရှင်း ဆွဲချုပ်ထားပြီး သူ့ခါးပေါ်တွင် နေရာချလိုက်သည်။ ကျောတွေကို ခပ်ဖွဖွပွတ်သပ်ပေးရင်း ဆံပင်များထဲသို့ ဖိနမ်းမိသည်။ ဗလုံးဗထွေးပြောရင်း ငိုနေရှာသော ကလေးငယ်။
ဒီလိုဖြူစင်တဲ့ ကောင်လေးဆီကိုမှ မိုးနတ်မင်းက အမျိုးမျိုး ချယ်လှယ်ချင်လှသည်။
မျက်ရည်ပေါက်ကြီးငယ်တို့ကို မြင်နေရသည်က ရီရှင်းရင်ကို အပ်နဲ့ပေါက်နေသလို တဆစ်ဆစ်နဲ့ နာကျင်ရသည်။
အတင်းရှိုက်ငိုနေသည့် ကောင်လေးကို ပို၍တိုးဖက်လိုက်တော့ သူ့ခါးနားမှလက်တို့ကလည်း ပိုတင်းကြပ်လာသည်။
" ကိုယ်ရှိတယ်နော် ဘေဘီ ကိုယ်ရှိတယ် "
ပြန်ပေးဆွဲခံရစဉ်ကထက်ပင် ပိုတုန်လှုပ်ပြီး ဝမ်းနည်းနေသည့် ကောင်ကလေးက တိုးတိုးလေး ပြောလာသည်။
YOU ARE READING
Reason Is You
Fanfictionတစ်ခါမှ မရေးဖူးပဲ စရေးကြည့်တာမို့ ဝေဖန်ပေးရင် ကောင်းမှာပါပဲ