ကားသံကြားလိုက်ရပြီး မကြာခင် အနားတွင် လာရပ်သော အရိပ်တစ်ခုနှင့် ရင်းနှီးနေသော ရေမွှေးနံ့တစ်ခုကြောင့် မော့ကြည့်လိုက်တော့ Xing Ge...
" ပြန်လာပြီ ဘေဘီ "
" အင်း ရေချိုးမလား "
" အင်း ကိုယ့်ဟာကိုပဲ ပြင်လိုက်မယ် မကြာဘူး "
ခေါင်းလေးသာ တစ်ချက်ငြိမ့်ပြီး ဇာတ်ကားပြန်ကြည့်နေသည့် ကောင်လေးက ယူခါစကထက်စာလျှင် ပိုပြီးသူနဲ့နီးစပ်လာသလိုပင်။ မနက်ဖြန်ဆို သူတို့နှစ်ယောက်၏ ခြောက်လပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ဖြစ်သည်။
(ကျော်မယ် ခွမယ် ဟီးဟီး )
ဟိုကောင်လေးက သိချင်မှ သိမည်ဖြစ်သော်လည်း သူကတော့ မနက်ဖြန်အတွက် ရင်ခုန်နေပြီပင်ဖြစ်သည်။ဒေါက် ဒေါက်
"Xing Ge... ကြာတယ် အအေးပတ်မယ်နော် မြန်မြန်ထွက်ခဲ့တော့ "
" ဟုတ်ကဲ့ပါဗျာ ဘေဘီ အင်္ကျီလေးထုတ်ပေးထားလို့ရလား "
" အင်း ကုတင်ပေါ်မှာ တင်ထားခဲ့မယ် "
အခြေအနေက အီစီကလီလိုလို ဘာလိုလို။ အိမ်ထောင်သည်မကျ ရည်းစားမက အခြေအနေလေးကိုပင် ရီရှင်း ရောင့်ရဲပါသည်။ ဘေဘီသာသဘောမတူလျင် ဘေဘီ့ဆီက ဘာဆိုဘာမှအတင်းအကြပ် ယူမည်မဟုတ်။
တဘက်ပိုင်းကိုခါးတွင်ပတ်လျက်ပင် အမြန်ထွက်လိုက်တော့
" အားး Xing Ge ဘာလို့ bathrobeမဝတ်တာလဲ "
" အထဲမှာ မတွေ့လို့ ဘေဘီအပြင်ထွက်သွားပြီလားလို့လေ "
" ကျန် ကျန်ခဲ့တာ ရှိလို့ လာ လာယူ တာ "
" ကျန်ခဲ့တာက မဟုတ်မှ ကိုယ်လား
ဟင် "
YOU ARE READING
Reason Is You
Fanfictionတစ်ခါမှ မရေးဖူးပဲ စရေးကြည့်တာမို့ ဝေဖန်ပေးရင် ကောင်းမှာပါပဲ