ဆေးရုံတက်နေစဉ်အတောအတွင်းမှစ၍ ဆေးရုံဆင်းခဲ့သည့်အချိန်အထိ ရီရှင်းက ဂျွန်မြောင်ကို မျက်စိရှေ့ကပင် အပျောက်မခံ။
သန့်စင်ခန်းသွားလျှင်တောင် အပြင်ကနေစောင့်သည်။
ရုံးမှအလုပ်များကိုလည်း အိမ်သို့သာယူလုပ်သည်။ ရုံးမတက်သည့်သူဌေးကြောင့် အတွင်းရေးမှူး ဂျောင်ဒေးကတော့ ရုံးနှင့်အိမ်ကို ကူးချည်သန်းချည်လုပ်နေရသည်။
လက်မှတ်ထိုးစရာဖိုင်များပြီးသည်နှင့် ဂျွန်မြောင်နားသို့ ကပ်လာတော့သည်။ အရင်အချိန်ကထက်ပင် ပို၍ ကပ်လာတတ်သော ရီရှင်းကို ဂျွန်မြောင်က တွန်းထုတ်လိုက်လျှင်တော့ ခေါင်းလေးငုံ့ မျက်နှာလေးငယ်ကာ သနားစရာအသွင်လေးလည်း လုပ်ပြတတ်သေးသည်။
သို့သော် ဒီနေ့ကတော့ထူးထူးခြားခြားပင်။ Laptopရှေ့ထိုင်ပြီး ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေသူကြီးက ဂျွန်မြောင်အနား ပွတ်သီးပွတ်သပ်မလုပ်နိုင်သေး။
မျက်ခုံးနှစ်ခုက အလည်တွင်စုဆုံနေလျက်။ဒေါက် ဒေါက် !!!
" ကိုကို ကျွန်တော် ဝင်လာမယ်နော် "
" လာလေ ဘေဘီရဲ့ ဘာလိုတုံး ဘာစားချင်လဲ "
" ပင်ပန်းနေပြီလား မနက်ကတည်းက အလုပ်လုပ်နေတာ ခုထိမနားသေးဘူး "
" အရမ်းပင်ပန်းနေပြီ လာပါအုံး အားဆေးလေးပေးပါအုံး ဘေဘီရဲ့ "
"ဘေးမှာပဲထိုင်ပါ့မယ် ကိုကိုရာ "
" ဒီတိုင်းလေးပဲနေပေးကွာ "
" မျက်နှာကို မော့ပါအုံး ဘာစိတ်ညစ်စရာရှိလဲဟင် မျက်နှာမကောင်းဘူး "
" ချင်မန့်ဟွာကို ရှာမတွေ့သေးဘူးဘေဘီရယ်...ကိုယ်..."
" အဲ့တာကြောင့် စိတ်ညစ်နေတာလား ရဲတွေရှာနေတယ်မလား "
" စိတ်မချနိုင်ဘူး နောက်တစ်ခေါက်ဒီလိုထပ်ဖြစ်လာခဲ့ရင် ဟင်းးး ကိုယ်ရူးသွားမယ်ထင်တယ် "
" ကျွန်တော့အနား ကိုကိုရှိနေတာပဲ ဘာထပ်ဖြစ်ရအုံးမလဲ ဟင် "
YOU ARE READING
Reason Is You
Fanfictionတစ်ခါမှ မရေးဖူးပဲ စရေးကြည့်တာမို့ ဝေဖန်ပေးရင် ကောင်းမှာပါပဲ