အမှောင်ချထားသော ပြခန်းထဲသို့ စမ်းတဝါးဝါးဝင်လာရသော ရီရှင်းကျောပေါ်မှာ ရီရှင်းမျက်လုံးကို လက်ဖြင့် အသာဖိအုပ်ထားသော ကောင်လေးတစ်ယောက်ပါလာသည်။
" ဘေဘီရာ ကိုယ်ချော်လဲရင် ဘယ်လိုလုပ်မလဲကွာ "
" မလဲအောင် လျှောက်ပေါ့ဗျာ "
" ကိုယ်လဲပြီး ဘေဘီတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်ရပါ့မလဲ "
" မဖြစ်အောင် ထိန်းပေးပေါ့ "
" ကျစ် ဘေဘီက သိပ်အတတ်ဆန်းချင်တာပဲ တခြားနေရာမှာရော အတတ်မဆန်းချင်ဘူးလား အ "
နားရွက်ဖျားက ပူခနဲ။
ဒီနေ့မှ ရဲတင်းနေတဲ့ ဒီကောင်လေးကတော့ အကျိုးဆက်တွေမကြောက်တာလား" အဲ ရပြီ ချတော့ ချတော့ ပစ်မချနဲ့နော် "
" မျက်လုံးဖွင့်လို့ရပြီလား "
"ဖြည်းဖြည်းချင်းဖွင့်နော် တစ် နှစ် သုံး "
ပြောစရာစကားတို့က လည်မှာတင်တစ်နေတော့သည်။ မျက်ရည်တွေပါဝဲတက်လာသည်အထိ သူပျော်သွားရသည်။
သူ့ပုံတူပန်းချီကားတွေ
အလုပ်လုပ်နေတဲ့ပုံတွေ ရယ်မောနေတဲ့ ပုံတွေ" ဘေဘီ "
" ဟီး ကျွန်တော်က တအားကြီးမတော်ပေမဲ့ အမေ့ "
" ကျေးဇူးတင်ပါတယ် ဘေဘီရယ် shh"
" ဟာ ငိုနေတာလား ကိုကို ကိုကိုလို့ "
ပိုတင်းကြပ်အောင်အဖက်ခံလိုက်ရသည်မှာ အရိုးတွေပင် ကျိုးကြေလုမတတ်။
" ကျွန်တော်က ကိုကို့ကို ပျော်စေချင်လို့လေဗျာ ငိုနေတော့ ဘယ်လိုလုပ်ရမလဲ "
" နမ်းပါအုံး ကိုယ့်ကို "
" စောသေးတယ် "
YOU ARE READING
Reason Is You
Fanfictionတစ်ခါမှ မရေးဖူးပဲ စရေးကြည့်တာမို့ ဝေဖန်ပေးရင် ကောင်းမှာပါပဲ