" ဘေဘီရေ ကိုကို့ကို လည်စည်းလေး စည်းပေးပါအုံး "
မနက်စာပြင်ကူနေသော ဂျွန်မြောင် အပေါ်ထပ်သို့ မျက်စောင်းလှမ်းထိုးလိုက်မိသည်။
" ဟင်းဟင်း ရီရှင်းက ဂျွန်မြောင်ကို လွမ်းနေတာ ထင်တယ် ခိ "
" ဟာ အန်တီရင်းကလဲ မဟုတ်ပါဘူး အဲ့လူကလေ ကျွန်တော့ကို ခိုင်းစားချင်နေ...."
" ဘေဘီ!!!"
စကားပင်မဆုံးလိုက် ထပ်ခေါ်လာပြန်တော့သည်မို့ ဂျွန်မြောင်တစ်ယောက် အပေါ်ပြေးရတော့သည်။
အခန်းတံခါးဆွဲဖွင့်လိုက်တော့ အနောက်တိုင်းဝတ်စုံကို ကျကျနနဝတ်ထားပြီး necktieကို လက်ကကိုင်ထားလျက် စူပုတ်နေသော ရီရှင်းကို တွေ့လိုက်ရသည်။
" ဘယ်လိုဖြစ်နေလဲ ခင်ဗျားးး ကျွန်တော် မနက်စာပြင်နေတယ်လေဗျာ "
" ဘေဘီက ကိုယ့်ကိုပစ်ထားတယ် "
" ဟာဗျာ ခနနေကမှ အောက်ဆင်းသွားတာလေ ခင်ဗျားပိုမနေနဲ့ "
" ပိုတယ် ဟုတ်လား အပိုတွေလို့ထင်နေတာလား "
" အဲ့ စိတ်ဆိုးသွားတာလား ကျွန်တော်က ဒီအတိုင်း...အမေ့ "
မျက်တောင်တခတ်အတွင်း ဂျွန်မြောင် ကုတင်ပေါ်သို့ ဆွဲတင်ခံလိုက်ရပြီး ရီရှင်း အုပ်မိုးတာ ခံလိုက်ရသည်။ လက်တို့ကို စည်းလိုက်တော့မှ ရုန်းလာတော့သည်။
" ဘာလုပ်တာလဲ ဖယ်"
နှုတ်ခမ်းကိုတွန့်ပြုံးလိုက်ရင်း
" ဘာလုပ်တာလို့ထင်လဲ "
" အောက်မှာ ထမင်းပြင်ထားတာ အေးကုန်လိမ့်မယ် "
" ထမင်းတွေအေးကုန်လဲ ဘေဘီအနားမှာရှိရင် နွေးတယ် "
YOU ARE READING
Reason Is You
Fanfictionတစ်ခါမှ မရေးဖူးပဲ စရေးကြည့်တာမို့ ဝေဖန်ပေးရင် ကောင်းမှာပါပဲ